အဆုံးသတ်

82 12 6
                                    

(U)

" City of stars

You never shined so...

Brightly... "

.....


2013 August 20.

Draco Lucius Malfoy ၏ဈာပန။

ကိုကို့ဘေးနားမှာ ဟယ်ရီတိတ်ဆိတ်ငြိမ်သက်စွာထိုင်နေမိသည်။ အဆောက်အဦး အပြင်ဘက်မှာလူအုပ်ကြီးရဲ့ ငိုကြွေးသံက သူ့ကိုတှုန်လှုပ်စေသည်။

ဈာပနခန်းမထဲကို ဟယ်ရီကိုကို့ကိုမထည့်လိုက်နိုင်သေး။ အခုထက်ထိကိုကိုက အတွင်းခန်းခရစ်တော်ရှေ့က ပန်းမွေ့ယာမှာငြိမ်သက်စွာလဲလျောင်းနေဆဲ။ ဒီနေရာမှာ ဟယ်ရီနှင့်ကိုကိုနှစ်ယောက်ပဲရှိသည်။

ဖျော့တော့သော်ငြားလှပသည်။ အနည်းငယ်ပိန်ချုံးနေပေမဲ့ သေမင်းက ကိုကို့ရဲ့အလှတရားတွေကိုတော့ယူငင်မသွားနိုင်ခဲ့ဘူးလို့ ဟယ်ရီတွေးမိသည်။

" ကိုကို... "

သူခြောက်သွေ့အက်ကွဲစွာ ဒရေကို့ထံ အသံသဲ့သဲ့ပြုမိသည်။ မျက်ရည်တွေမှုန်ရီဝါးနေတဲ့ကြားက သူမျက်တောင်မခတ်စတမ်း ကိုကို့မျက်နှာကို စိုက်ကြည့်နေမိသည်။ ဟယ်ရီ့အသိစိတ်ထဲ အကို့ဆီကအသက်ရှူသံတစ်ချက်လောက်များကြားရလေမလား၊ အကိုများ လူးလွန့်လှုပ်ရှားလာလေမလား အခုထိမျှော်လင့်နေမိသည်။

" ပြန်လာခဲ့ပေးပါ... အခိုးအငွေ့လေးအဖြစ်နဲ့ပဲဖြစ်ဖြစ် "

အဖြေပြန်မလာ မှေးမှိတ်ထားတဲ့မျက်ဝန်းတွေ ဘယ်လောက်ဝမ်းနည်းနေသလဲ ဟယ်ရီကြည့်ချင်လွန်းလို့ ဖွင့်ပြပါလားအကို။ အသက်ရှင်နေတုန်းကသူဂရုမပြုခဲ့မိတဲ့ အမှတ်တမဲ့မျက်ဝန်းပြာလေးတွေ။ ဟယ်ရီဘယ်လောက်တောင် အတ္တကြီးခဲ့မိပါသလဲ။ ဒရေကို့ဘက်ကိုနည်းနည်းလေးတောင် ဝင်မခံစားပေးခဲ့ပဲ သူ့ကိုယ်သူလိမ်ရင်းသာ အချိန်တွေဖြုန်းပစ်ခဲ့သည်။ လေးနှစ်တဲ့လား။

တစ်စုံတစ်ယောက်ဟာ တစ်ပြိုင်နက်ထဲ အများရဲ့စိတ်ကိုကုစားပေးနိုင်တဲ့သူဖြစ်နိုင်သလို မိမိကိုယ်ကိုယ်သတ်တဲ့သူမျိုးလည်းဖြစ်နိုင်သည်။

ထိုအရာနှစ်ခုက တစ်ခုနဲ့တစ်ခု အစွန်းနှစ်ဖက်မှာချိတ်ထားတဲ့ဖြစ်တည်မှုမျိုးသာဖြစ်သည်။ သူများအလိုကိုလိုက် ချစ်ပေးနေရင်း ကိုကိုဟာအချစ်တန်ပြန်မရလို့ သေဆုံးသွားခဲ့သလား။ ဟယ်ရီ့ရဲ့ဝေဝါးနေတဲ့အသိစိတ်ကိုအလင်းပေးဖို့ပဲ သေဆုံးသွားခဲ့လေသလား။ ဒီလိုအရာမျိုးလေးအတွက် ကိုကိုရင်းနှီးပေးဆပ်သွားတာများလွန်းပါသည်။

City of stars [A Harco story]Onde histórias criam vida. Descubra agora