(U)
Song recommendation -
Defenceless (Louis Tomlinson)
......
2012 July 29 . Tokyo မြို့ Tokyo Dome Arena
liftနဲ့ stage အောက်ကနေ သူပေါ်လာတဲ့အချိန် အော်ဟစ်သံတွေစတင်ထွက်ပေါ်လာ၏။ Arenaတစ်ခုလုံးပြည့်နေတဲ့လူတွေက ဒရေကို့ပုံရိပ် ပေါ်လာတာနဲ့ အသံကုန်အော်ပြီးအားပေးကြသည်။
အဖွင့်သီချင်းရဲ့တီးလုံးသံထွက်လာပြီး သူ့နားမှာတပ်ထားတဲ့IEMနှစ်ဖက်ထဲကတစ်ခုကို ဒရေကိုဆွဲဖြုတ်လိုက်သည်။ သူ့ဖက်ထုပ်လုံးလေးတွေရဲ့ အားရပါးရအော်ဟစ်သံကိုသူကြားချင်လွန်းလို့။
ဒရေကိုသီချင်းဆိုနေရင်း တစ်ကွင်းလုံးကိုသူ့မျက်လုံးတွေဝေ့ဝဲကစားကာ ကြည့်နေမိသည်။ VVIP ရိုးလ်မှာ ကောင်မလေးတစ်ချို့သူ့ကိုလက်ဝှေ့ယမ်းပြနေပြီးငိုနေကြတာသူမြင်ရသည်။ ဒရေကိုပြုံးလိုက်မိပါသည်။
နာမည်ပျက်စာရင်းဖယ်ရှားသွားတဲ့အချိန်မှာ ဇာတ်ကားတွေပြန်ရိုက်ဖို့ သူ့ကိုထုတ်လုပ်ရေးတွေကအများကြီးကမ်းလှမ်းလာခဲ့ပေမဲ့ ဒရေကိုအကုန်ငြင်းခဲ့သည်။ သူ့စိတ်ထဲမှာ ရုပ်ရှင်ပြန်ရိုက်ဖို့မဝံ့ရဲသလိုခံစားရတဲ့အပြင် သူ့ရဲ့အရင်အလုပ်နဲ့ပတ်သတ်ပြီး အဲ့ဒီcareerမှာရှိခဲ့တဲ့အပေါင်းအသင်းတွေနဲ့ပတ်သတ်တဲ့ များစွာသောtraumaတွေကြောင့် သူရွံရှာနေသလိုလို စိတ်မသန့်သလိုခံစားနေရတာ။
သေချာပေါက်ဒရေကိုသရုပ်ဆောင်အလုပ်ကိုပဲ ပိုမြတ်နိုးတာပါ။ ဖြစ်ပျက်ခဲ့သမျှကိစ္စတွေနဲ့ အမှောင်ထုထဲကသစ်သားတံတားလေးပေါ် မမြင်မကန်းလျှောက်လှမ်းနေသလိုအခိုက်အတန့်တွေတုန်းက ဂီတတစ်ခုထဲကပဲ သူ့အတွက်မျှော်လင့်ချက်ဖြစ်ပေးခဲ့ခြင်းဖြစ်သည်။
ဂီတကိုပဲသူဇောက်ချလုပ်ဖို့ဆုံးဖြတ်တာက တကယ်တော့ သူသဘောကျမြတ်နိုးတဲ့အရာကလေးဖြစ်လာလို့ဆိုတာထက် အကြောင်းပြချက်အစစ်အမှန်က ဟယ်ရီဖြစ်သည်။
သူ့ကိုပစ်ပစ်ကာကာဆက်ဆံနေတဲ့ဟယ်ရီ ဒရေကိုလူတောထဲပြန်တိုးဝင်နိုင်ခဲ့ရင်၊ ပိုအောင်မြင်ခဲ့ရင် စိတ်ချလက်ချနဲ့သူ့ဘဝထဲပြန်ဝင်လာပေးနိုင်မယ်ထင်လို့။

BINABASA MO ANG
City of stars [A Harco story]
FanfictionCity of stars... You never shined so brightly.