Part.11

335 78 7
                                    

ဒီတစ်ပတ်ကျောင်းပိတ်ရက်၌ သူတို့အုပ်စု Jungkook အိမ်မှာပဲစုဖြစ်ကြသည် ... ကျောင်းဖွင့်တော့လည်း အတန်းတက်တာနည်းနည်းနေရာစုံလျှောက်သွားလိုက် clubတက်ရန်ဖြစ်လိုက် ဒါနဲ့သံသရာလည်နေတော့ပျင်းသွားပြီထင်ပါရဲ့ ..
ဒါကြောင့် သူတို့အုပ်စု ပိတ်ရက်မှာ ခြေငြိမ်နေခြင်းပင်ဖြစ်၏..

" နောက်ဆုံးတော့ငါ့ကောင်ကြီး ခံစားချက်တွေ၀န်ခံသွားပြီပဲ .. မင်းခံစားချက်ကိုမညာပါနဲ့လို့ အရင်တည်းကငါပြောခဲ့တာကို .. မင်းကိုက အကန်စကားနဲ့ငြင်းနေတာလေ .. "

Taehyung အား ချစ်မိသွားပြီဟု Jungkook သူငယ်ချင်းအုပ်စုကို၀န်ခံပြီးချိန်မှာ Bam Bam သည် ယခင်ကတည်းမှ သူ့အတည်ပြုချက်မှန်ကန်မှု
ရှိတယ်ဆိုတဲ့ သမ္ဘာကြီးစတိုင်လ်ပုံစံမျိုးနဲ့ ..

Jungkook ၀န်ခံချက်ကို ကျွန်တော်တို့အထူးအထွေအံ့သြနေခြင်းတော့ .. ဒီကောင် ဟိုးအရင်ကတည်းကအချိန်ပြည့် ဒီလူမှ ဒီလူဖြစ်နေပြီး တမြတ်တနိုးဖြစ်နေတာလေ .. သူ့ကိုယ်သူသာမသိတာ ဘေးက ကျွန်တော်တို့ကသိတယ် ... ကြည့်မရဘူး အပျော်အပြက်ကစားချင်သေးတာ ငါ့မှာအချစ်ဆိုတာမရှိဘူးဆိုသည့် စကားတုလေးတွေဖြင့် ကာဗာယူထားခဲ့ပေသော်ငြား ဒီကောင့်ရင်ထဲမှာအချစ်ပန်းတွေဖြိုင်ဖြိုင်ပွင့်ဖူးနေပြီ..

Bam Bam ပြောနေတဲ့ စကားသည် သူတို့ပြောချင်နေသည့်စကားနှင့်ထပ်တူကျနေလေသော် Mingyu Eunwooတို့က ထောက်ခံကြောင်း ခေါင်းတငြိမ့်ငြိမ့်လုပ်နေတော့သည် ...

"ငါ့ခံစားချက်ကို တကယ်မသိခဲ့တာ ... အစောပိုင်း
တော့ ငါ့ကိုမတူမတန်သလိုလို ချေချသွားတဲ့မာနမင်းသားကိုချိုးပြမလို့ရည်ရွယ်ထားတာပဲ .. ဒါပေမယ့် ငါမလုပ်နိုင်ဘူးဦးတည်ချက်ကတခြားရောက်ရောက်သွားတယ်ကွာ ... သူနဲ့ဆုံလိုက်တိုင်း ရင်တွေ
ဗရမ်းဗတာခုန်လွန်းတာ... ပြီးတော့ မျက်နှာလေးကိုအမြဲတွေ့ချင်နေတာ သူ့မျက်နှာလေးမြင်လိုက်ရမှ ငါနေသာထိုင်သာရှိတာ .. မဟုတ်ရင်ဒေါသအလိုလိုထွက်​ တဖြည်းဖြည်းနဲ့သိလာခဲ့တယ် နှလုံးသားကစွဲငြိနစ်၀င်သွားပြီဆိုတာ .. ငါချစ်နေတဲ့သူကို
ဘယ်လိုမှလက်မလွှတ်နိုင်ဘဲ တရား၀င်ချစ်သူအပိုင်အဖြစ်သိမ်းနိုင်ဖို့ကြိုးစားနေတာ .. "

You've reached the end of published parts.

⏰ Last updated: 7 days ago ⏰

Add this story to your Library to get notified about new parts!

Lips Like HoneyWhere stories live. Discover now