Intro

5.6K 246 23
                                    

လောကမှ လူယုတ်မာ ၊ လူလိမ် ၊ ကလိမ်ကကျစ် ၊ သူခိုး တွေကို မြင်ချင်ရင် အောက်ခြေလူတန်းစားတွေကို တန်းပြီးမျက်စောင်းမထိုးပါနဲ့။ အပေါ်ကိုသာမော့ကြည့်ပါ ပြည်သူကိုကာကွယ်ပါမယ်ဆိုတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ ၊ ကူညီပါရစေဆိုတဲ့ ရဲမှူးကြီးတွေ ၊ နိုင်ငံကြီးတိုးတတ်အောင်လုပ်မယ်ဆိုတဲ့ သမ္မတတွေ ၊ အဲ့ဒီလူတွေသာ ကြီးမားတဲ့ မကောင်းမှုတွေကို ဖန်တီးနိုင်ကြတယ်။

-----------

တရုတ်နိုင်ငံမှာ လက်ရှိ မဲ‌အရေတွက် တတိယနေရာမှာရှိနေတဲ့ သမ္မတလောင်း ဝမ်ရိပေါ်က လူ့အခွင့်ရေးကို အပြည့်ဝ လှုပ်ရှားသွားပြီး ကွန်မြူနစ်အုပ်ချုပ်ရေးကနေ စစ်မှန်တဲ့ ဒီမိုကရေစီကို ကျင့်သုံးမှာဖြစ်ပြီး LGBTQ တွေအတွက်အပြည့်ဝ ထောက်ခံပေးမှာဖြစ်တယ်။ အဲ့ဒီမိန့်ခွ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

တရုတ်နိုင်ငံမှာ လက်ရှိ မဲ‌အရေတွက် တတိယနေရာမှာရှိနေတဲ့ သမ္မတလောင်း ဝမ်ရိပေါ်က လူ့အခွင့်ရေးကို အပြည့်ဝ လှုပ်ရှားသွားပြီး ကွန်မြူနစ်အုပ်ချုပ်ရေးကနေ စစ်မှန်တဲ့ ဒီမိုကရေစီကို ကျင့်သုံးမှာဖြစ်ပြီး LGBTQ တွေအတွက်အပြည့်ဝ ထောက်ခံပေးမှာဖြစ်တယ်။ အဲ့ဒီမိန့်ခွန်းအပြီးမှာတော့ မဲအရေတွက် ဒုတိနေရာအထိကို ထိုးတတ်သွားခဲ့တယ်။ နောက်ထပ်ဆယ်ရက်သာလိုတဲ့ ရွေးကောက်ပွဲကာလမှာ သမ္မတလောင်းဖြစ်ဖို့ ဘယ်လိုကြံရမလဲ။ လွယ်တဲ့ကိစ္စမဟုတ်ပေမယ့် ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။ အဲ့ဆုံးဖြတ်ချက်ကမှန်သွားတယ်။ ဝမ်ရိပေါ်ဟာ 5 ရက်အတွင်း မဲအရေတွက် တိုးလာပြီး သမ္မတလောင်း အဖြစ်သေချာသွားတယ်။

"သမ္မတလောင်းက လိင်တူလက်ထပ်မယ်ဆိုတော့ lgbt တွေအတွက် ရပ်တည်ပေးမယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး။"

"ငါတော့အဲ့ကိစ္စကို မယုံနိုင်လို့ မဲမပေးခဲ့တာ။"

"အရင်ပထမနေရာက သမ္မတက လူ့အခွင့်ရေးကြောင်း သိပ်မပြောဘူးနော်။"

"ဟုတ်တယ်။ သူကစီးပွားရေးမှာတော်ပေမယ့် ငါတို့ပြည်သူတွေအတွက် လူ့အခွင့်ရေးကအဓိကပဲမဟုတ်လား။"

My President (Completed)Where stories live. Discover now