သူများတွေအမြင်မှာ အိမ်ထောင်ဖက်ကို အရမ်းလေးစားတယ်ထင်နေဦးမယ်။ ပြန်မဆူဘူးတဲ့ ဂရုလည်းစိုက်မနေပါဘူး။ သူ့ရှေ့မှာ ရှောင်းကျန့် ခြေထောက်ပွတ်ပြီး အသဲသန်ငိုပြနေရင်တောင် တစ်ချက်မကြည့်ပဲ တတ်နင်းမယ့်လူမျိုး။ တွေးရင်းနဲ့ သူနင်းထားတဲ့ ခြေဖမိုးက ဒါဏ်ကမပျောက်သေးတာကို ကြည့်ပြီးဒေါသထွက်လာတယ်။ သူ့ခြေထောက်ကို အသားကြေတဲ့အထိ နင်းခဲ့တယ်ဆိုတာများ သိကြရင် ဘယ်လိုများဖြေရှင်းချက်ပေးလဲ မြေခွေးကြီး။
ရှောင်းကျန့် သူ့ကိုယ်သူမှန်ထဲမှာကြည့်ကာ အလုပ်သွားဖို့ စောင့်အောင့်ပြင်ဆင်နေတယ်။ ဒီဇိုင်းအပ်မယ့်လူက လူချမ်းသာအသိုင်းဝိုင်းကဆိုတော့ သူဝတ်နေကြပုံစံထက် ကောင်းကောင်းလေးဝတ်နေတယ်။ ဖက်ရှင်ဒီဇိုင်နာဆိုတဲ့ နာမည်နဲ့လိုက်ဖက်အောင် လူငယ်ဆန်ဆန် ဖက်ရှင်ကျကျလေးဝတ်ထားတယ်။ မပူတဲ့ရာသီဥတုမှာ မာဖလာပတ်ထားပုံက သာမာန်လူတွေအတွက်တော့ ရူးကြောင်ကြောင်ဖြစ်နေလိမ့်မယ်။ ဒါပေမယ့်အရမ်းဖက်ရှင်ကျတယ်။
ရှောင်းကျန့် အောက်ကိုဆင်းလာတော့ ဝမ်ရိပေါ်နဲ့တန်းတိုးတယ်။ လှေကားကလည်းရှည်ပြီး အိမ်ကအရမ်းကြီးလို့ သူနဲ့မျက်နှာချင်းဆိုင်ရတဲ့အချိန်က အရမ်းကြာတယ်။ သူရိပေါ်ကို တစ်ချက်မှမကြည့်ပဲထွက်သွားခဲ့တယ်။ အဲ့အချိန်မှာ လည်ပြန်လိုက်ကြည့်ရတာတော့ ရိပေါ်ပေါ့။
ရိပေါ်က ကျိရန်ဖက်ကိုလှည့်ပြီး
"သူ့အဖေဆီဖုန်းဆက်ပြီး စိတ်ကျန်းမာရေးနဲ့ပတ်သတ်လို့ ပြသနာရှိမရှိလှမ်းမေးလိုက်။"
"ဟုတ်ကဲ့။"
ဘောင်းဘီတိုနဲ့ မာဖလာပတ်ပြီး ထွက်သွားတာ။ နွေရာသီ ဒီဇိုင်းလား ဆောင်းရာသီဒီဇိုင်းလား။ မဟုတ်ရင် စိတ်လွတ်နေတာလား။
_____
"နင်တို့ ဒီဇိုင်နာကမရောက်သေးဘူးလား။"
"ရောက်တော့မှာပါမမလေး။ သူ့အလုပ်ချိန်က ၉ နာရီပါ ၉နာရီထက်တော့ နောက်မကျပါဘူး။ ဟော...ကားဝင်လာပါပြီ။"
အဆောက်ဦထဲကို ယုံကြည်ချက်အပြည့် လျှောက်ပြီးဝင်လာတဲ့ ရှောင်းကျန့်ကို အားလုံးငေးနေကြတယ်။ ရှောင်းကျန့်ကအမြဲ ပုံမှန် တီရှပ်နဲ့ ဘောင်းဘီသာဝတ်တတ်တာကြောင့် ခုလိုပုံစံကအမြင်ဆန်းတယ်။ ကြောင်တောင်တောင်နိုင်ပေမယ့် သူနဲ့အရမ်းလိုက်ဖက်တယ်။
YOU ARE READING
My President (Completed)
Fanfictionယုတ်မာတဲ့ သမ္မတကို ရင်ခုန်မိတယ်တဲ့လား။ အရူးပဲ ရှောင်းကျန့်။