သေနတ်ပစ်ကွင်းကအရင်နဲ့မတူ ထူးခြားတဲ့အပြင်ဆင်ဖြစ်နေတယ်။ ကွင်းအကျယ်ကြီးမှာ ပစ်မှတ်တွေကို ပတ်ပတ်လည် ကပ်ထားတယ်။ ဘောလုံးကွင်းစာလောက်ကျယ်တဲ့ ကွင်းမှာ ပစ်မှတ်နဲ့ လူက တစ်ဖက်တစ်ချက်စီမှာရှိနေတယ်။ အရင်နေ့တွေလို လေ့ကျင့်နေတဲ့ လူတစ်ယောက်မှမရှိပဲ တိတ်ဆိတ်နေတယ်။ ထို နေရာကို ဗိုလ်ချုပ်ကြီးကျိုးက သတိနဲ့ဝင်လာတယ်။ ခေါင်းဆောင်ဝင်လာတော့ နောက်ကတပည့်တွေကပါဝင်လာတယ်။
ထိုစဉ်
"ချောက်.."
သေနတ်ကိုမောင်းတင်လိုက်တဲ့အသံ။ အဲ့ဒီအသံပြီးတော့ တည်ငြိမ်ပြီး ပြတ်သားတဲ့အသံတစ်ခု
"ဒီလိုနေရာမှာ လုပ်ကြံမယ်ထင်နေတာလား။"
ဝမ်ရိပေါ်က သေနတ်ကိုမောင်းတင်ပြီး ပစ်မှတ်ကိုချိန်ရင်းပြောတော့ ဗိုလ်ချုပ်ကြီးက သူ့လူတွေကို နောက်ဆုတ်ဖို့အမိန့်ပေးလိုက်တယ်။
"ဗိုလ်ကြီးကသေနတ်ပစ်တတ်တယ်ဆိုတာတော့ ဆန်းတဲ့ ကိစ္စမဟုတ်ဘူး။"
ရိပေါ်အပြောကို ဗိုလ်ကြီးက ခေါင်းငြိမ့်လိုက်ပြီး သူလည်းသေနတ်တစ်လက်ကိုကိုင်လိုက်တယ်။
"သမ္မတကြီးက သေနတ်ပစ်တတ်တယ်ဆိုတာတော့ နဲနဲထူးဆန်းသွားပြီ။"
ရိပေါ်က လည်ပိတ်ဆွယ်တာနဲ့ အပေါ်အောက်အနက်ဝမ်းဆက်ကိုလုံခြုံစွာဝတ်ဆင်ထားတယ်။ ဗိုလ်ကြီးက နားအကာကွယ်ကို တပ်ပြီး ရှေ့ကပစ်မှတ်ကို နှစ်ချက်ဆက်တိုက်ပစ်ချလိုက်တယ်။
"ဒိုင်း...ဒိုင်း..."
ဖက် ဖက် ဖက် ဖက်
ရိပေါ်က လက်ခုပ်တီးလိုက်တယ်။
"နှစ်ချက်လုံး ပစ်မှတ်နားကပ်တယ်။"
လက်ခုပ်တီးပြီး ပြုံးနေတဲ့ ရိပေါ်မျက်နှာက ချက်ချင်းပြန်တည်သွားပြီးနောက်။
"တစ်ယောက်အကြောင်း တစ်ယောက်သိနေပြီဆိုတော့ ဖုံးကွယ်မနေပဲ နေရအောင်။"
"သမ္မတကြီးဘာကိုဆိုလိုတာလဲ။ ကျွန်တော့်ကို ဒီကိုခေါ်တာ ဘာကိစ္စများလဲ။ ကျွန်တော်နဲ့ သမ္မတကြီးမှာရန်ငြိုးရှိလို့လား။ မှတ်မိသလောက် သားဖြစ်သူနဲ့ ပြသနာဖြစ်တာမဟုတ်လား။"
YOU ARE READING
My President (Completed)
Fanfictionယုတ်မာတဲ့ သမ္မတကို ရင်ခုန်မိတယ်တဲ့လား။ အရူးပဲ ရှောင်းကျန့်။