ရှောင်းကျန့်ရေချိုးပြီးကာစ တပတ်လေးပတ်ပြီး ခေါင်းခြောက်အောက်လုပ်နေစဉ် အခန်းတံခါးလာခေါက်တာကြောင့် တံခါးပြေးဖွင့်လိုက်တယ်။ တံခါးဖွင့်ဖွင့်ခြင်းမြင်လိုက်ရတာ ဝမ်ရိပေါ်။ လာရင်းကိုမပြောပဲ ရှောင်းကျန့်ကို ခေါင်းစခြေဆုံးကြည့်နေတာမို့ ရှောင်းကျန့်လည်းရင်ဘက်လေးကိုဖုံးစေရန်လက်လေးပိုက်ထားလိုက်တယ်။
"ဘာလို့လဲမသိဘူး။"
"ဒီပုံနဲ့ ထွက်လာစရာလား။"
"အာ....အပြင်ကလူကို မစောင့်စေချင်တာနဲ့။"
"နောက်တစ်ခါ အဝတ်စားတွေဝတ်ပြီးမှ တံခါးလာဖွင့်။"
"အာ သိပါပြီ။"
ဒီနေရာမှာ သူမဟုတ်ပဲ တစ်ခြားတစ်ယောက်ဆိုတာကိုတွေးမိပြီး လာရင်းကိစ္စပြောဖို့တောင်မေ့သွားပြီးဒေါသထွက်သွားရတယ်။ ရှောင်းကျန့်က သူ့ကိုအမြဲစိတ်ဆွနေသလိုပဲ။
"နိုင်ငံခြားခရီးစဉ်ကိုလိုက်ဖို့ပြင်ထား။"
"ဘာ ဘာလို့..."
"ငါမရှိချိန် မင်းဒီမှာ ဘာပြသနာရှာမလဲငါမသိနိုင်ဘူး။"
ရိပေါ်က အဲ့လိုပြောပြီးထွက်သွားတယ်။
"ငါ့တစ်သတ်နဲ့တစ်ကိုယ် သူ့ဆီရောက်မှပဲ ပြသနာဖြစ်ဖူးတာ ဟွန်း။"
တရားဝင်နိုင်ငံခြားခရီးစဉ်ဆိုတာသိတဲ့အတိုင်း မီဒီယာနဲ့ လူအုပ်ကြီးကအမြဲစောင့်ကြည့်နေတာ။ အဲ့တော့ အတောက်ပဆုံးအဝတ်စားတွေကို ရွေးထည့်လိုက်တယ်။ ဒီကိုစရောက်တည်းက အဝတ်စားတွေက ဗီဒိုထဲအသင့်ရှိနေတာ။ သူက အဆင်ပြေသလိုတွဲဝတ်ရုံပဲ။
လေယာဉ်ပေါ်တတ်ဖို့ကိုရှောင်းကျန့် suit ရွေးလိုက်တယ်။ ဟိုနေ့က အမျိုးသမီးပေးတဲ့ suit ကမီးခိုးရောင်။ မီးခိုးရောင် suit ကမရှိတာမို့ man ဝတ် လက်ရှည်အဖြူနဲ့ မီးခိုးရောင် စတိုင်ပင်ကိုရွေးဝတ်လိုက်တယ်။ အရမ်း လက်ဆက်ပြီး ကြွပ်ရွနေတဲ့အသီးလေးအတိုင်းပင် သိပ်ကို ချိုအီပြီး ချစ်စရာကောင်းနေတယ်။
"အိုး အချိန်တောင်နီးနေပြီ။ "
အချိန်ကနီးတာထက် ၅ မိနစ်တောင်ကျော်နေတာမို့ အမြန်ပဲပြေးဆင်းသွားလိုက်တယ်။ သူဆင်းလာတော့ ဝမ်ရိပေါ်ထိုင်ရာမှ ထလာတယ်။

YOU ARE READING
My President (Completed)
Fiksi Penggemarယုတ်မာတဲ့ သမ္မတကို ရင်ခုန်မိတယ်တဲ့လား။ အရူးပဲ ရှောင်းကျန့်။