ကြောက်စရာကောင်းတဲ့ သတင်းကြီးကြောင့်တစ်နိုင်ငံလုံးတုန်လှုပ်ခြောက်ခြားနေတယ်။ နေရာအနှံ့ကညအကြမ်းဖက်၊ မူးယစ်၊ လူကုန်ကူး ဂိုဏ်းတွေကို ဦးဆောင်နေသူက နိုင်ငံရဲ့ စံပြသူရဲကောင်းဗိုလ်ချုပ်ကြီး။ ဘယ်လိုင်းပဲ ဖွင့်ဖွင့် အဲ့ဒီသတင်းတွေပဲတတ်နေတယ်။
"ကျေးဇူးတင်ပါတယ် သမ္မတကြီး.."
ကျိုးရှောက်ထျန်းအပြောကြောင့် ရိပေါ်ခေါင်းခါလိုက်တယ်။
"မင်းသာ မစွန့်စားရင် အောင်မြင်မှာမဟုတ်ဘူး။"
"သမ္မတကြီးက အစစအရာရာပံ့ပိုးပေးခဲ့လို့ပါ။ ပြီးတော့.."
ကျိုးရှောက်ထျန်းက ရှောင်းကျန့်ကို တစ်ချက်ကြည့်ကာမျက်လွှာချပြီး
"ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက်တောင်းပန်ပါတယ်။ ကျန့်ကျန့်လိုရိုးသားတဲ့လူမျိုးတစ်ခါမှမတွေ့ဖူးလို့ လောဘတတ်မိသွားတာပါ။"
ရိပေါ်ကကျိုးရှောက်ထျန်းဘေးက မျက်စိသူငယ် နားသူငယ်နဲ့ကောင်လေးကိုကြည့်လိုက်တယ်။ ထိုအခါကျိုးရှောက်ထျန်းက
"သူ့နာမည် Z ပါ။ လောလောဆယ်တစ်ဦးတည်းသော မိတ်ဆွေလို့ပြောလို့ရပါတယ်။"
"ကောကကျွန်တော့်အသက်သခင်ကျေးဇူးရှင်ပါ။ ကျွန်တော် ကောရဲ့အနားမှာ တစ်သတ်လုံးပြုစုသွားမှာ။"
အပိုတွေမပြောနဲ့ ဆိုတဲ့ပုံစံနဲ့ ကျိုးရှောက်ထျန်းက Z ကိုမသိမသာ ဆိတ်လိုက်တယ်။
"သွားခွင့်ပြုပါဦးသမ္မတကြီး.."
"ကောင်းပြီ။"
သူတို့ထွက်သွားတော့ ရှောင်းကျန့်က
"Z ကချောလို့လား။"
"ဟမ်.."
"တစ်ချိန်လုံး အဲ့ဒီကောင်လေးကို ကြည့်နေပုံထောက်တော့ ကျွန်တော့်ထက်ချော နေလို့လား။"
"အာ...မ ချောပါဘူး။"
"မချောဘူးဆိုတော့ သေချာကြည့်လိုက်တဲ့သဘောပေါ့။"
ရိပေါ်မျက်ခုံးတွေ ပင့်တတ်သွားပြီး ဘာပြန်ပြောရမှန်းမသိတော့ပေ။ ရှောင်းကျန့်ကိုကြည့်တော့ ရေသောက်လိုက် လမ်းလျှောက်လိုက်နဲ့ သုန်မှုန်နေတယ်။ တစ်ခုခုလွဲနေတယ်ဆိုတာရိပေါ်သိတာမို့ ရှောင်းကျန့် ကိုစကားစဖို့ကြိုးစားလိုက်တယ်။
YOU ARE READING
My President (Completed)
Fanfictionယုတ်မာတဲ့ သမ္မတကို ရင်ခုန်မိတယ်တဲ့လား။ အရူးပဲ ရှောင်းကျန့်။