"ဗိုလ်ကြီး မကောင်းတော့ပါဘူး။ မြေအောက်ခန်း ၂ ခုဝင်စီးခံလိုက်ရပါပြီ။"
"ဘာ....ဘယ်သူကများ..."
ဗိုလ်ကြီးကျိုးက ရက်ပြေးမြင်တာ သမ္မတကြီးဖြစ်ပေမယ့် သမ္မတကြီးကသိနိုင်စရာအကြောင်းမရှိ။ အဲ့ဒီနေရာတွေကို ဦးစီးဦးဆောင်လုပ်ခဲ့တဲ့ ကျိုးရှောက်ထျန်းကလည်းသေပြီ။
"ရှောက်ထျန်းများထွက်ဆိုခဲ့တာလား။"
"မဖြစ်နိုင်ဘူး။ အဲ့ကိစ္စရှင်းပြီးပြီ။ ဘယ်လိုလုပ်များ..."
"အတွင်းလူဆိုတာတော့သူပဲရှိတာ။"
ဗိုလ်ချုပ်ကြီးရဲ့တပည့်ဖြစ်သူက တစ်ခုခုစဉ်းစားပြီး
"သူ့ဈာပနာပွဲမှာ အလောင်းပါရဲ့လား။"
ဗိုလ်ကြီးကခေါင်းညိမ့်တယ်။
"တစ်ကိုယ်လုံးရစရာ မရှိလို့အထုတ်မဲနဲ့ပတ်ထားတယ်။"
ဗိုလ်ကြီးလည်း တစ်ခုခုကိုတွေးမိပြီးနောက်
"သူ့ကိုရှာ.."
"ဗျာ..."
"ကျိုးရှောက်ထျန်းကိုရှာ။"
"ဟုတ်ကဲ့။"
__________
ပေကျင်းမြို့ကနေ ကားနဲ့ ငါးရက်လောက်ခရီးဆက်ရတဲ့နေရာကို ကျိုးရှောက်ထျန်းရောက်ရှိနေပြီဖြစ်တယ်။ အသက် ၅ နှစ်ပဲရှိသေးတာမို့ ဗိုလ်ချုပ်ကြီးကျိုးက သူ့ကိုဘာမှ မသိဘူးထင်နေခဲ့ပြီး သားအဖြစ်လူယုံအဖြစ်ပါ မွေးခဲ့တယ်။ ကျိုးရှောက်ထျန်းရဲ့ အဖေရင်းကသမာ သမက်ကျတဲ့ရဲတစ်ယောက်။ ဗိုလ်ချုပ်ကြီးနဲ့ သူငယ်ချင်းအရင်းကြီးတွေ။"လီဝမ် မင်းအခုလိုက်နေတဲ့ အမှုကိုရပ်လိုက်ပါ။"
"ဘာလို့လဲ။"
"......"
"အကြောင်းပြချက်ကဘာလို့လဲ။"
"ဘာလို့လဲ ပြောမရပေမယ့် မင်းရပ်လိုက်ပါ။"
သူတို့နှစ်ယောက်စကားပြောနေတာကို အိမ်ထဲမှာ ကျိုးရှာက်ထျန်းနဲ့သူ့အမေက ကြည့်နေကြတယ်။
"ငါမရပ်နိုင်ဘူး ကျိုးလျန်..."
"ငါမင်းကို သတိပေးခဲ့တယ်။"
YOU ARE READING
My President (Completed)
Fanfictionယုတ်မာတဲ့ သမ္မတကို ရင်ခုန်မိတယ်တဲ့လား။ အရူးပဲ ရှောင်းကျန့်။