2.1K 211 12
                                    

အရေးပေါ်ကြားဖြတ်သတင်း

/Shopping Mall တစ်ခု ဝင်စီးခံထားရပြီး ဓားစားခံအဖြစ် လူ ၂၀ ထက်မနည်းရှိနေပါတယ်။ ပြန်ပေးသမားတွေက အစိုးရနဲ့ညှိနှိုင်းဖို့တောင်းဆိုနေပါတယ်။ အစိုးရဆီကအဖြေကိုတော့ ကျွန်မတို့စောင့်နေဆဲဖြစ်ပါတယ်။ ပြန်ပေးသမားတွေက အဖြေတွက် နာရီဝက် အချိန်ပေးထားပါတယ်။/

ဧည့်ခန်း‌မှာဝမ်ရိပေါ်က သတင်းကိုခြေထောက်ခြိတ်ကာကြည့်နေတာဖြစ်ပြီး ကျိရန်က ဘေးမှာရပ်နေတယ်။

"ညှိနှိုင်းဖို့ မရှိဘူးလို့ပြောလိုက်။"

"ဟုတ်ကဲ့။"

ရှောင်းကျန့် Tv ရှေ့ကိုပြေးလာခဲ့တယ်။

"အထဲမှာ မိန်းမနဲ့ ကလေးတွေပါတယ်။ နိုင်ငံရဲ့သမ္မတဖြစ်တဲ့ လူကဘယ်လိုလုပ်ခုလို လုပ်ရပ်မျိုးလုပ်နိုင်တာလဲ။"

ရိပေါ်ရှောင်းကျန့်ကို အေးစက်စွာပဲမော့ကြည့်ပြီး TV ကိုပြန်ကြည့်နေတယ်။

/အစိုးရဖက်က ညှိနှိုင်းဖို့မရှိပါဘူး။/

ရှောင်းကျန့် ဝမ်ရိပေါ်ရဲ့ လက်မောင်းကိုအတင်းပဲ ဆွဲကာ

"အခု သူတို့သေရတော့မှာမဟုတ်လား။ ခင်ဗျားတစ်ခုခုလုပ်လေ။ ခင်ဗျား နှလုံးသားမရှိဘူးလား။"

ရှောင်းကျန့်က မျက်ရည်တွေကျလာတယ်။ ရိပေါ်ကတော့ လေသံမပြောင်းပဲ

"သူတို့ မိုင်းဆွဲထားကြတယ်။ အထူးတပ်ဖွဲ့လွှတ်ရင် လူ ၂၀ ထက်ပိုသေလိမ့်မယ်။"

"ဒါဆို သူတို့လိုချင်တာပေးလိုက်လေ။"

"တောင်းလို့ရမှန်းသိလို့ ဒီလိုခနခန လုပ်နေရင် နောက်ထပ်ပြည်သူအယောက် ၂၀ ထက်မနည်းသေရလိမ့်မယ်။"

"ဒါ ဒါဆို ဒီအယောက် ၂၀ ကိုစတေးပစ်မယ့်သဘောလား။"

ရိပေါ် ထရပ်လိုက်ပြီး အင်္ကျီကိုပြင်လျှက်

"ထင်တာပဲ။"

"ခင်ဗျား မကောင်းတဲ့လူ။"

ရိပေါ်ရှောင်းကျန့်ကို လှည့်မကြည့်ပဲ ထွက်သွားတယ်။ ရှောင်းကျန့် က‌TV ရှေ့မှာထိုင်ပြီး စိတ်လှုပ်ရှားစွာသတင်းကိုထိုင်ကြည့်နေလိုက်တယ်။

My President (Completed)Where stories live. Discover now