၂၀

1.8K 218 13
                                    

ရှောင်းကျန့် ပြန်ပေးဆွဲခံရတဲ့ live ကိုကြည့်ပြီး ရှောင်ပါးဒေါသထွက်လွန်းလို့ သမ္မအိမ်တော်ထိလာပြီး သောင်းကျန်းခဲ့တယ်။ ရိပေါ်ရှိမနေတာမို့ လုံခြုံရေးတွေက ထိန်းခဲ့တယ်။ ပြန်ပေးသမားလက်ထဲမှာ သားဖြစ်သူက ဘယ်လိုအခြေနေရှိနေမလဲ။

"ဆရာကြီး အခုပဲဆရာကြီးရဲ့သားကိုကယ်လာပါပြီ စိတ်လျှော့ပါ။ မကြာခင် xxxx ဆေးရုံကိုရောက်လာတော့မှာပါ။"

ရှောင်ပါးအသားတွေတဆက်ဆက်တုန်ပြီး ဒေါသထွက်နေတာပဲသိတယ်။ သူဆေးရုံကိုရောက်ပြီးမကြာဘူး ရဲကားတွေ စစ်ကားတွေရောက်လာတယ်။ ပြီးတော့ ရိပေါ်ကရှောင်းကျန့်ကို ထမ်းလာတယ်။ ဆရာဝန်တွေက ရှောင်းကျန့်ကို ရိပေါ်လက်ထဲကပြောင်းယူပြီး ကုတင်ပေါ်တင်ကာ တွန်းပြေးသွားကြတယ်။ ရိပေါ်ကိုတော့ လိုက်မသွားရန် bodyguard တွေက တားထားတယ်။ အခြေနေကိုကြည့်ပြီး ရှောင်ပါး သူ့ဒေါသတွေဘယ်ရောက်သွားမှန်းမသိဘူး။ နောက်မှ သတိရပြီး သားဖြစ်သူရဲ့အရေးပေါ်အခန်းရှေ့ဆီသွားလိုက်တယ်။ ရိပေါ်လည်း သူနဲ့အတူပဲရောက်လာတယ်။ ရိပေါ်ရဲ့ လက်မောင်းနှစ်ဖက်က ဆူးခြစ်ရာတွေနဲ့ သွေးစို့နေတယ်။ ရှောင်းကျန့်ကိုစိုးရိမ်လို့ နှစ်ယောက်သား ပြသနာဖြစ်ချိန်မရလိုက်ဘူး။ အရေးပေါ်ခန်းထဲကပြန်ထွက်လာတော့လည်း ရိပေါ်ကပြာယာခက်နေခဲ့တယ်။ အခြေနေတွေငြိမ်သက်သွားမှ ရိပေါ်ကသူ့ဆီဒူးထောက်လာခဲ့တယ်။

"တောင်းပန်ပါတယ်။ အစတည်းက ဆရာတို့သားအဖကို ထိခိုက်စေဖို့ရည်ရွယ်ချက်မရှိပါဘူး။"

"ငါ့သားကို ပြန်ပေး။"

ရိပေါ်က ခေါင်းခါတယ်။

"မပေးနိုင်ဘူး။ ကျွန်တော်ချစ်လို့ ရအောင်ယူထားခဲ့တာ။"

ချစ်တယ်တဲ့လား။ ဒီကလေးပါးစပ်ကလေ။ လိမ်ပြောမှာ မဟုတ်တာကြောင့် ရှောင်ပါးအပိုမေးခွန်းတွေထပ်ထုတ်မနေတော့ဘူး။ သူတို့နှစ်ယောက်အချစ်ကထပ်တူကျနေတယ်ဆို အဆင်ပြေပြီမဟုတ်လား။

"နောက်တစ်ခါ ငါ့သားတစ်ခုခုဖြစ်ရင် ဒီအတိုင်းမထားဘူး။"

"ကျွန်တော့် အသက်နဲ့လဲပြီးကာကွယ်ပါ့မယ်......ပါး....."

My President (Completed)Where stories live. Discover now