21

2.1K 113 1
                                    

မနက်အစောကြီး ဘယ်ချိန်ထဲကတောင်နိုးနေမှန်းမသိဘူး ဧည့်ခန်းထဲ Lattop တလုံးနဲ့အလုပ်ရှုပ်နေတဲ့ Jeon ကိုတွေ့လိုက်တော့ Jeon ထိုင်နေတဲ့ ဆိုဖာအနောက်မှာသွားရပ်ကာ ပခုံးလေးကိုညစ်ပေးတော့ သူ့ကိုမော့ကာကြည့်တာနဲ့ ကုန်းပြီးနှုတ်ခမ်းလေးကိုအနမ်းပေးလိုက်တဲ့ Kim..

ပြွတ်

" Morning kiss ဘာလိုဖြစ်လို့အစောကြီးထပြီးအလုပ်တွေလုပ်နေတာလည်း ကောင်လေး "

" ညကလုပ်ရမယ်အလုပ်တွေလေ ညကကိုကိုနဲ့ တူတူအစောကြီးအိပ်လိုက်မိတာ အဲ့တာနဲ့အစောကြီးထပြီးလုပ်နေတာ "

" အဲ့တာကြောင့်ပြောတာပေါ့ 50% ကကုန်ပါပြီလို့ "

Kim ဟာ Jeon ရဲ့ဘေးဝင်ထိုင်လိုက်ပြီး Lattop ကိုသူ့ဘက်ဆွဲယူလိုက်ကာ Jeon လုပ်ရမယ် အလုပ်တွေကို သူလုပ်ပေးနေလိုက်တော့ သူ့ရဲ့ပခုံးလေးပေါ်ခေါင်းလေးမှီလိုက်တဲ့ Jeon..

" ကိုကိုနဲ့လည်းချစ်ရမယ် ကိုကိုနဲ့လည်းအိပ်ရမယ် ကိုကိုကိုလည်းဂရုစိုက်ရအုံးမယ်လေ တနေကုန်အနားမှာရှိနေမပေးနိုင်တော့ အိပ်ချ်ိန််လေးတော့ကိုကို ကိုပေးမှရမှာပေါ့ မဟုတ်ဘူး ပေးရမှာမဟုတ်ဘူး ယူရမှာ ဟုတ်တယ်နော် အဲ့အချိန်လေးတော့ အနားမှာရှိနေချင်လို့ပါ"

Jeon ပြောတဲ့စကားမှာ တခါကJeon စိတ်ဆိုးသွားလို့ Hoseok Hyung ကိုဘယ်လိုချော့ရမလည်းမေးတုန်းက ပြောခဲ့တဲ့စကားကိုသွားသတိရသွားပြီး Kim ပြုံးလိုက်မိတော့သည်..

" ဟုတ်ပါပြီ အိပ်ချင်သေးရင် ကိုကို ကိုမှီပြီးအိပ်လိုက် ကိုကိုလုပ်လိုက်မယ် "

" ရလားအဲ့လို "

" ရတာပေါ့ အိပ် "

ဘေးတစောင်းထိုင်လိုက်ပြီး သူရဲ့ကိုယ်လုံးကိုခြေထောက်နဲ့လည်းခွလိုက်သလို လက်ကလည်းခါးကိုဖက်ထားပြီး ပခုံးပေါ်ခေါင်းလေးမှီတင်လိုက်ပြီးတကယ်ကိုအိပ်နေတဲ့ Jeon.Kim ကတော့ ပေါင်ပေါ်ကို Lattop တင်လိုက်ပြီး Jeon မပြီးပျက်သေးတဲ့ အလုပ်တွေကိုဆက်လုပ်ပေးနေလိုက်သည်..

တော်တော်လေးကြာတော့တကယ်အိပ်ပျော်သွားတယ်ထင်ပါရဲ့ ခါးကိုဖက်လို့ထားတဲ့ လက်ကလေးကလည်းအောက်သို့ဖြေလျော့သွားကာ ပခုံးပေါ်မှီထားတဲ့ခေါင်းလေးက ပြုတ်ပြုတ်ကျလို့ပြန်ပြန်တင်ပြီး အတင်းတိုးအိပ်နေတာများ Kim ရဲ့လည်တိုင်လေးကိုတောင်နမ်းမိတော့သည်အထိ..

AFTER (Complete) Where stories live. Discover now