476 95 10
                                    

နေ့တိုင်းလိုလို သမ္မတအိမ်တော်ထဲကရုံးခန်းမှာ ရိပေါ်ရှိနေရတာများတယ်။ ရှေ့က laptop ဆီမှ Mail တစ်ခုဝင်လာလို့တောက်ခနဲနှိပ်ဖွင့်လိုက်တယ်။ မေးကို ဖွင့်ကြည့်ပြီးမျက်ခုံးတွေပင့်တင်သွားတယ်။

/မင်းရဲ့အိမ်သားကိုနောက်ဆုံးတော့ပွဲထုတ်လာပြီပေါ့ xxx ကုမ္မဏီရဲ့ဒီဇိုင်နာကောင်းတစ်ယောက်ပဲ။ အဆုံးထိဖွက်ထားသင့်တယ်။/

"အရေးမပါတာ။"

ရိပေါ် ရှောင်းကျန့်ကို ဖွက်ထားတယ်ဆိုတာ အတည်မကြံချင်တာတစ်ခုတည်းနဲ့ ဖွက်ထားတာ။ ကျန်တဲ့ခံစားချက်မပါဘူး။

"ဆရာ ဘာတွေပြုံးနေတာလဲ။"

အထဲဝင်လာတဲ့ ကျိရန်ကို ရိပေါ် ကပြလိုက်တယ်။ ကျိရန်လည်းဖတ်ပြီးနောက်။

"အဓိပ္ပါယ်မရှိတဲ့စာပဲ။"

"ငါ့ကို ဘာနဲ့မှ ခြိမ်းခြောက်လို့မရဘူးဆိုတာ မသိပုံပဲ။"

ရိပေါ် ပြတင်းပေါက်ကိုကြည့်ကာ တတောက်တောက်ခေါက်ရင်း

"ဟိုလူကိုသွားခေါ်လာခဲ့။"

ခနကြာတော့ လေးလေးပင်ပင်နဲ့ ရှောင်းကျန့်သူ့ဆီဝင်လာတယ်။ ရိပေါ်သူ့ကိုသေချာလည်း ကြည့်မနေပဲ လက်တော့ခေါက်ရင်းသာစကားပြောတယ်။

"အလုပ်တင်မဟုတ်ဘူး။ အပြင်သွားတာကိုပါဆင်ခြင်။"

ရှောင်းကျန့် သူ့ကိုမဲ့ရွဲ့ကာ လက်ပိုက်ပြီးကြည့်နေတယ်။ ရိပေါ်ကသူ့ကိုကြည့်မနေတော့ သူပုံစံအမျိုးမျိုးလုပ်တယ်။ စကားပြန်မရတော့ ရိပေါ်မော့ကြည့်လိုက်တာ မျက်စောင်းထိုးပြီး တစ်ဖက်လှည့်သွားတယ်။

"အဲ့လောက်ထိ ချုပ်ချယ်ခွင့်မရှိဘူးထင်တယ်။ အလုပ်မသွားနဲ့ဆိုမသွားဘူး။ ခု ဟိုဟိုသည်သည် သွားတာကိုပါ ပိတ်ပင်နေတယ်။ လက်မခံနိုင်ဘူး။ သမ္မတစ်ယောက်ဖြစ်နေပြီး မတရားတာမလုပ်နဲ့။"

"မင်းတစ်ခုခုဖြစ်ရင် ငါအချိန်ပေးပြီး ဖြေရှင်းမှာမဟုတ်လို့ တစ်ခါတည်းသတိပေးတာ။ ပြီးမှ အပြစ်မတင်နဲ့။"

သူတစ်ခုခုဖြစ်ရင် သူ့အပြစ်ဖြစ်မှာစိုးလို့ခေါ်သတိပေးတာပဲ။ ကိုယ်ဖြစ်ကိုယ်ခံလိုက်မယ်။ ထောင်သားလိုတော့မနေချင်ဘူး။

My President (ongoing)Where stories live. Discover now