"ကြည့်ရတာ ရှောင်းကျန့်ကအလုပ်မဖြစ်ဘူးထင်တယ်။"
"ဆရာဘာကို တွေးမိလို့လဲ။"
"သူအခက်ခဲဖြစ်နေတဲ့ချိန် သေချာပေါက် ဝမ်ရိပေါ်ကိုဆက်သွယ်မှာပဲ။ အချိန်တော်တော်ကြာမှ ငါ့ကြိဆက်သွယ်ပုံထောက်ရင် ဝမ်ရိပေါ်က သူ့ကိုလျစ်လျူရှုလိုက်တယ်ထင်တယ်။ ပြီးတော့ကြောက်နေတယ်ဆိုတာထက် ဒေါသထွက်နေတယ်ဆိုပိုမှန်လိမ့်မယ်။"
"သူကစက်ရုပ်များလား။ "
"ငါလေ့လာရသလောက် rosi ကရိပေါ်ဆီကပလစ်ခံလိုက်ရတယ်။ သူတို့နှစ်ယောက်မကြာခန ချိန်းပြီး သောက်နေပုံထောက်ရင် အခြေနေတူတဲ့ပုံပဲ။"
"အသုံးမဝင်ဘူးဆို ရှောင်းကျန့်ကိုဖယ်လိုက်ရုံပေါ့။ သူနားချည်းကပ်ဖို့မလိုတော့ဘူး။"
"လိုတယ်။.."
"ဗျာ..!"
"ဒါက personal အရပါ။ မင်းအာရုံထဲထည့်စရာမလိုဘူး။ သူကစိတ်ဝင်စားဖို့ကောင်းတယ်။"
ကျိူးရှောက်ထျန်းစိတ်ထဲမှာ ဘာတွေရှိလဲဆိုတာ တော့သူ့တပည့်လည်း မမှန်းတတ်တော့ဘူး။
_________မနက်စာ စားမယ့်အချိန်မှာ ရှောင်းကျန့်အပြင်သွားဖို့လုပ်နေတယ်။
"ဘယ်သွားမလို့လဲ။ အပြင်မှာ အန္တရာယ်များတယ်။"
ရိပေါ်က ထမင်းဝိုင်းကလှမ်းပြောလိုက်တော့ရှောင်းကျန့်က တစ်ချက်လှည့်လာပြီး
"ကျွန်တော်ကကျေးဇူးတင်ရမယ့်လူတွေအရမ်းများတယ်လေ။ ကိုယ်တိုင်ကအသုံးမကျတော့ သူများအကူညီယူရတယ်မဟုတ်လား။"
ပြောပုံက အခုမနေ့ကသူ့ကိုကယ်တဲ့လူကို မနက်စာကျွေးပြီးကျေးဇူးဆပ်ရမယ်ပေါ့။
"မလုပ်လည်းရတယ်။ ငါလုပ်လိုက်မယ်။"
ရိပေါ် တစ်ခုခုပြန်လုပ်ပေးချင်တဲ့ စေတနာနဲ့ပြောလိုက်တယ်။
"အစတည်းက ခင်ဗျားကိုအရင်ဆက်သွယ်ခဲ့တာပဲ။ အဲ့တုန်းက အရေးမလုပ်ပဲ ခုမှ..."
ထိုအခါကျိရန်က
"မနေ့က လာခဲ့ပါတယ်။ ကျွန်တော်တို့နဲ့ ၁၀ မိနစ်ပဲကွာပါတယ်။ ဒီကနေ အဲ့ကိုလာဖို့က နာရီဝက်လောက်ကြာပါတယ်။ ကျွန်တော်တို့အမြန်ဆုံးလာခဲ့ပါတယ်။ ဒါပေမယ့် ကျိုးရှောက်ထျန်းက အဲ့မှာရှိနေပုံရပါတယ်။ သူက အရင်ရောက်လာနိုင်ခဲ့ပါတယ်။"
YOU ARE READING
My President (ongoing)
Fanfictionယုတ်မာတဲ့ သမ္မတကို ရင်ခုန်မိတယ်တဲ့လား။ အရူးပဲ ရှောင်းကျန့်။