အပိုင်း(8)

403 60 6
                                    

မိစ္ဆာအမဲလိုက်ဌာနမှာလည်းမြေခွေးမိစ္ဆာအမှုပြီးထည်းကအမှုအသစ်မပေါ်လာသေးသောကြောင့်ကျော်ယိချန်တို့လည်းအနားယူနေရသည်မှာတစ်ပတ်လောက်ပင်ရှိ​ပြီဖြစ်သည်

စာဖတ်ဆောင်ထည်းတွင်ကျော်ယိချန်နှင့်ပိုင်ကျိူတို့ထိုင်နေကြပြီးပိုင်ကျိူကဆေးစာအုပ်များလေ့လာနေကာကျော်ယိချန်ကတော့ဘိုဘေးတွေရဲ့မိစ္ဆာတိုက်ခိုက်ခဲ့ပုံများရေးသားထားသောစာအုပ်ကိုဖတ်နေခဲ့တယ်

ထိုချိန်ယင်းလိန်သည်လက်ထည်းတွင်လည်းမုန့်ပန်းကန်များကိုင်၍ဝင်လာပြီး

''ရှောင်ကျို..မင်းကဒီရောက်နေတာကိုးငါမင်းကိုလိုက်ရှာနေတာနှံ့နေပြီ မင်းလည်းနော်အမြဲ ကျော်သာ့ရမ်နားကြီးဘဲကပ်နေတော့တာဘဲ "

''ယင်းလိန်က ကျွန်တော်ကိုရှာပြီးဘာလုပ်မလို့လည်း"

''ဒီ မှာမင်းအတွက်အထူးမုန့်လုပ်လာတယ်မင်းစားရအောင်လို့လိုက်ရှာနေတာ"

''ဟုတ်လားဘာမုန့်လည်းပြကြည့်ကျွန်တော်စားကြည့်မယ်...ရှောင်​ကျော်​​ကော​ ရောစားမယ်မလားဟင်မနက်ကတည်းကစာဖတ်ခန်းထည်းရောက်နေတော့ဘာမှမစားရသေးဖူးမလား"

ယင်းလိန်လည်းအမြဲရှောင်ကျော်​​ကော ရှောင်​ကျော်ကော  ​လုပ်နေသောအကောင်ပေါက်လေးအားအမြင်ကပ်လာပြီးကျော်ယိချန်အတွက်ပါယူလာသောမုန့်ပန်းကန်ကိုနောက်ကိုဖွက်လိုက်ပြီး

''ဒီမုန့်ကကျော်သာ့ရမ်စားလို့မရဖူးကလေးတွေအတွက်ဘဲသီးသန့်လုပ်ထားတာဒါက ကလေးမုန့်လို့ခေါ်တယ်လူကြီးတွေစားလိုက်ရင်အချစ်စိတ်တွေထိန်းမရဖြစ်ပြီးအတွင်းအားဖောက်ပြန်တတ်တယ်.."

​ပေါက်တတ်ကရ​တွေ​​​​ပြော​​နေ​သောယင်းလိန်အားကျော်ယိချန်တစ်ချက်မော့ကြည့်လိုက်တယ်

ယင်းလိန်လည်းမကြည်သလိုမော့ကြည့်လာသောကျော်ယိချန်အားသွားဖြီးပြလိုက်တယ်

ပိုင်ကျိုကတော့ယင်းလိန်လျှောက်ပြောနေတာမသိဘဲ

''ဟမ်...အဲ့လိုမုန့်ရှိသေးတာလားကျွန်တော်ရောစားလို့ဖြစ်ပါ့မလားကျွန်တော်ကအတွင်းအားမရှိပေမယ့်လည်း....တော်ကြာအချစ်...."

The Crossroads of heartsWhere stories live. Discover now