အပိုင်း(10)

416 58 7
                                    

ကျော်ယိချန်လည်းသူ့အစ်ကိုဦးဆောင်ခေါ်ဆောင်သွားရာနောက်ကိုလိုက်လာရင်းထီးဆောင်းထားသောလူတစ်ယောက်သူတို့ရှေ့ရောက်လာတာကိုတွေ့လိုက်ရတယ်
အဲ့လူကသူ့ကိုလှမ်းပြောလိုက်တယ်

''ရှောင်ကျော်လိုက်မသွားနဲ့ဒါကအမှန်မဟုတ်ဖူးဒါကအိပ်မက်ကမ္ဘာမင်းရုန်းမထွက်နိုင်ရင်ဒီထည်းမှာဘဲပိတ်မိနေတော့မှာငါနဲ့ပြန်လိုက်ခဲ့ပါ"

ကျော်ယိချန်သူပြောတာတွေကိုကြောင်ကြည့်နေမိတယ်ဒီလူကိုသူသိတာပေါ့သူကကောတို့ကိုသတ်ခဲ့တယ့်မိစ္ဆာကြီးကျူးယန့်လေဒါပေမယ့်ကောကအခုသူ့ဘေးမှာရှိနေခဲ့တယ်

ကျော်ယိချန်သူ့ဘေးမှာရှိနေတယ့်ကောကိုတစ်ချက်လှမ်းကြည့်လိုက်တယ်ကောကတော့သူ့ကိူပြုံးပြီးတော့ဘဲကြည့်နေပြီးလှမ်းပြောလာတယ်

''ရှောင်ချန်..ဘာဖြစ်လို့လည်းကောတို့ဆက်သွားကြမယ်လေဖေဖေတို့စောင့်နေတယ်"

ကျော်ယိချန်ကျူးယန့်ကိုတစ်လှည့်သူ့အစ်ကိုကိုတစ်လှည့်ငေး​​​ကြည့်နေမိတယ်

သူတစ်ကယ်အိပ်မက်လောကထည်းရောက်နေတာ​လားမဟူတ်ရင်သေ သွားတယ့်သူ့ကောကဘေးမှာရှိနေမှာမဟူတ်ဖူးလေ

ဒါပေမယ့်ဒါကအိပ်မက်ကမ္ဘာဆိုရင်တောင်ဘာဖြစ်သေးလည်းသူကောတို့နဲ့အတူတူ​နေခွင့်ရတာဘဲလိုချင်တယ်ဒီအိပ်မက်ထည်းကရုန်းမထွက်နိုင်ဘဲပိတ်မိနေရင်တောင်သူကောတို့နဲ့ရှိနေနိုင်တာကိုဘဲရွေးချယ်မည်ဖြစ်သည်

''ကျူးယန့်မင်းဘာလုပ်ချင်သေးလို့ပေါ်လာပြန်ရတာလည်းဒီတစ်ခါတော့ငါမင်းကို မင်းသဘောအတိုင်းလုပ်ချင်တာလုပ်ပိုင်ခွင့်မပေးနိုင်တော့ဘူး"

ကျော်ယိချန်ပြောရင်းကျူးယန့်ကိုစတင်ပြီးတိုက်ခိုက်လိုက်တယ်

ကျူးယန့်လည်းကျော်ယိချန်တိုက်ခိုက်လာတာကိုရှောင်ရင်း ရှောင်ကျော်နားဝင်လာအောင်​​​​ပြောပြီးဒီကနေခေါ်ထုတ်နိုင်ဖို့ရာစဥ်းစားနေခဲ့တယ်

သူတို့တော်တော်ကြာတိုက်ခိုက်ပြီးနောက်ကျူးယန့်လည်းအတွေးပေါက်လာပြီးရှောင်ကျော်တိုက်ခိုက်လာတယ့်ဓားချက်ကိုမရှောင်ဘဲရင်ဘတ်ကိုအထိုးခံလိုက်တယ်

The Crossroads of heartsWhere stories live. Discover now