အပိုင်း(11)

457 66 23
                                    

ဖေစီးကျင့်လည်းပြန်လာထည်းကမျက်နှာမကောင်းသောဝမ်ရှောင်းကိုတွဲပြီးအခန်းထည်းထိလိုက်ပို့ပေးခဲ့တယ်

''ဝမ်ရှောင်းနင်အဆင်ပြေရဲ့လားမျက်နှာလည်းမကောင်းဖူးအိပ်မက်ကမ္ဘာထည်းမှာဘာတွေဖြစ်ခဲ့လို့လည်းငါ့ကိုပြောပြလို့ရပါတယ်"

''ဘာမှမဖြစ်ပါဖူး မမဖေ အိပ်မက်ထည်းမှာဆရာ့ကိုမက်ခဲ့တယ်​​အဲ့ဒါပြန်​တွေး​ပြီးသတိရမိလို့ပါ"

''အင်း...အများကြီးမတွေးနဲ့တော့အဲ့ဒါတွေကစိတ်ရဲ့စွဲလမ်းမှုတွေကြောင့်အိပ်မက်ထည်းမှာပြန်မြင်ခဲ့ရတာတွေပါနေသားလည်းကျနေပြီဘဲပြန်တွေးပြီးဝမ်းမနည်းပါနဲ့တော့"

''ဟုတ်ကဲ့ပါ.စိတ်မပူပါနဲ့နားလိုက်ရင်စိတ်လည်းသက်သာရာရသွားမှာပါ မမဖေလည်းသွားနားတော့လေအချိန်မစောတော့ဖူးမိုးလင်းတော့မယ်"

''ကောင်းပါပြီအာ့ဆိုငါသွားတော့မယ်အတွေးလွန်မ​နေနဲ့ဦးကောင်းကောင်းအိပ်လိုက်ဦးနော်"

ဖေစီးကျင့်လည်းဝမ်ရှောင်းကိုနှုတ်ဆက်ပြီးထွက်ခဲ့လိုက်တော့တယ်

ကျော်ယိချန်ဌာနကိုပြန်ရောက်ပြီးနောက်အနားယူရန်အိပ်ဆောင်ဘက်ကိုပြန်ခဲ့လိုက်တော့တယ်

သူ့အဆောင်ထည်းရောက်တော့အခန့်သားထိိုင်ကာရေနွေးကြမ်းသောက်နေသောကျူးယန့်ကိုတွေ့လိုက်ရတယ်

ပင်ပန်းလွန်း၍ဒေါသပင်မထွက်ချင်တော့သဖြင့်ကျူးယန့်ကိုဘာမှမပြောဘဲလျစ်လျုရှုထားလိုက်ပြီးလက်ကအနာကိုသာဆေးထည့်ရန်စားပွဲဝိုင်းလေးပေါ်ကရှောင်ကျိုပေးထားသောဆေးမှုန့်ဘူးလေးအားလှမ်းယူလိုက်တယ်

''ဆေးထည့်မနေပါနဲ့မင်းကသူရဲကောင်းကြီးဘဲလေဒီလောက်ဒဏ်ရာလေးကတော့မှုစရာမလိုပါဖူးဟူတ်တယ်မလား"

ကျော်ယိချန်ကုတင်လေးပေါ်ထိုင်ရင်းဆေးထည့်ရန်ပြင်နေချိန်မှာဘဲအနားကိုဘယ်လိုရောက်လာမြန်းမသိသောကျူးယန့်ကသူ့လက်ထည်းကဆေးဘူးကိုဆွဲယူသွားပြီးပြောလာတာဖြစ်တယ်

''ကျူးယန့်မင်းဘာဖြစ်ချင်ပြန်တာလည်းမင်းနဲ့စကားများချင်စိတ်မရှိသေးဖူးငါ့ကိုဆေးဘူးပြန်ပေး ပြီး​တော့မင်းကိုငါမသတ်ခင်ထွက်သွားလိုက်တော့"

The Crossroads of heartsWhere stories live. Discover now