"ထွက်လာခဲ့။"
"............."
"ထွက်လာခဲ့ စကားပြောမယ်။"
ရှောင်းကျန့် တစ်ချက်မှလှည့်မကြည့်ပဲ တစ်ဖက်ကရိပေါ်အခန်းထဲကို ခြေလှမ်းကြဲကြီးတွေနဲ့ဝင်သွားတယ်။ စကားနားမထောင်တာမျိုးမရှိပဲ သူမကျေနပ်ကြောင်း အမြဲခပ်ဆိုးဆိုးဖေါ်ပြလေ့ရှိတယ်။
ရိပေါ်ခေါင်းလေးခါကာ တစ်ချက်ပြုံးလိုက်ပြီး သူ့နောက်က လိုက်ဝင်သွားတယ်။ ရှောင်းကျန့် ကုတင်အစွန်မှာအိပ်နေတော့ ရိပေါ်လည်း တစ်ဖက်အစွန်မှာအိပ်လိုက်တယ်။ သူတို့ကြားမှာ ဖက်လုံးခြားထားရုံသာမက လူတစ်တစ်ဝက်စာ ရှိတဲ့ pink panther ရုပ်ပါရှိနေတယ်။
"ဒီအရုပ် မင်းနဲ့အရမ်းတူတယ်။"
ရှောင်းကျန့် အရုပ်ကိုတစ်ချက်ကြည့်ပြီး မျက်နှာအရှ့ပြန်လှည့်သွားတယ်။
"လုပ်လိုက်ရင် တလွဲချည်းပဲ။ အူကြောင်ကြောင်နဲ့။"
"..........."
ရှောင်းကျန့်ဘာမှပြန်မပြောပဲ ငြိမ်နေတော့ရိပေါ်ဆက်ပြောတယ်။
"မင်းပြောသလို ငါမိသားစုနဲ့ပတ်သတ်ပြီးနားလည်တာမရှိပေမယ့် အတတ်နိုင်ဆုံး မင်းကျေနပ်အောင်ဖြည့်ဆည်းပေးပါမယ်။"
"......."
"ပျော်ရွှင်ပြီးနွေးထွေးတဲ့ မိသားစုကဘယ်လိုပုံစံလဲဆိုတာမသိလို့ မင်းရဲ့ပါးဆီမှာတောင် လာပြီး သင်ယူရသေးတယ်။"
"ပြီးတော့ သတိမေ့တဲ့အထိ ကျေးဇူးဆပ်လိုက်တယ်ပေါ့။"
ရှောင်းကျန့် ခနဲ့တဲ့တဲ့ပြန်ပြောတယ်။
"တွေးမိတာရှိတယ်။ ဆရာကြီးရှောင်နဲ့ မိသားစုတွေဖြစ်ရင် အရမ်းကောင်းမှာပဲလို့။ ဒါပေမယ့် သူက ငါ့အပေါ်အရင်လိုမနွေးထွေးတော့ဘူး။ ငါ့အရှေ့မှာ သူ့သားကိုအရမ်းချစ်ပြနေတာ နဲနဲတော့မနာလိုဖြစ်မိတယ်။"
YOU ARE READING
My President (Completed)
Fanfictionယုတ်မာတဲ့ သမ္မတကို ရင်ခုန်မိတယ်တဲ့လား။ အရူးပဲ ရှောင်းကျန့်။