ရှောင်းကျန့်နိုးလာတော့ ရိပေါ်ကအဝတ်စားတာင်လဲပြီးနေပြီ။ သူမှန်ထဲကတစ်ဆင့်ရှောင်းကျန့်ကိုတွေ့တော့
"ကျဲနဲ့မား လေယာဉ်ကွင်းကိုရောက်တော့မယ်ပြောတယ်။"
ထိုအခါရှောင်းကျန့်ပြူးပြဲထလာပြီး
"သွားမကြိုဘူးလား။"
"မင်းအိပ်နေတယ်လေ။ "
"နှိုးလိုက်တာမဟုတ်ဘူး။"
"ထားလိုက်တော့ ခုလောက်ဆိုအိမ်တောင်ရောက်တော့မယ်။"
"အာ..."
ရိပေါ် ရှောင်းကျန့်ပြီးတဲ့အထိစောင့်ပြီးမှ ရှေ့ကဆင်းသွားတယ်။ ရှောင်းကျန့်သူ့နောက်ကျောကိုကြည့်ရင်း ဆင်းကာတွေးလိုက်မိတယ်။ အရမ်းကိုခန့်ညာတဲ့ လက္ခဏာကိုပိုင်ဆိုင်ထားတယ်။ ပုခုံးတွေကအကျယ်ကြီးပဲ။ သူ့ကိုဖက်ထားလိုက်ရင် မြုတ်နေမှာ ဟီဟီ။
"သမ္မတကြီးရဲ့ အမေရောက်ပါပြီ။"
ရိပေါ်လည်း တံခါမကြီးဆီကို သွားပြီးသူ့အမကိုကြိုဆိုတော့ ရှောင်းကျန့် မလှမ်းမကမ်းလေးမှာရပ်နေလိုက်တယ်။
ရိပေါ်မျက်နှာက မပြုံးဘူးဆိုပေမယ့် အပြုံးရိပ်လေးသန်းပြီးကြည်လင်နေတယ်။"ရိပေါ်...."
ဝမ်မားဝင်လာတဲ့အခါမှာတော့ ရိပေါ်မျက်နှာဟာလုံးဝတင်းမာသွားတယ်။ ရိပေါ်မျက်နှာတင်းပြီဆို ရှောင်းကျန့်ရင်ဘက်ကြီးဒိန်းကနဲ ခုန်ပြီးလန့်ရတယ်။ ရိပေါ်မားနဲ့ အမျိုးသားတစ်ယောက်ပါလာတယ်။ အစ်မဝမ်းကွဲချင်းအော်က အနောက်ကနေ ပါလာတယ်။
ရိပေါ်ဖက်က ကြိုဆိုတဲ့စကားတွေမပြောပဲ အသင့်ပြင်ထားတဲ့မနက်စာဝိုင်းမှာထိုင်လိုက်တယ်။ ရှောင်းကျန့်လည်း ဟိုကြည့်ဒီကြည့်နဲ့ သူ့ဘေးမှာဝင်ထိုင်တယ်။ ရိပေါ်မားတို့ကတော့ မျက်နှာချင်းဆိုင်မှာထိုင်လိုက်ကြတယ်။ ရိပေါ်မားကပြုံးပြီး
"သားနဲ့မိတ်ဆက်ပေးရဦးမယ်။ ဒါကမားပြောနေကြ အစ်ကိုကျန်းဆိုတာလေ။"
ရိပေါ်ခေါင်းငုံ့ပြီး ပန်းကန်ထဲက မုန့်တွေကို ခရင်းနဲ့တစ်ချက်ချင်းထိုးဆွနေတယ်။
YOU ARE READING
My President (Completed)
Fanfictionယုတ်မာတဲ့ သမ္မတကို ရင်ခုန်မိတယ်တဲ့လား။ အရူးပဲ ရှောင်းကျန့်။