Silent Heart
Coffee & Juice
အတော်အတန်သင့်ကျယ်ဝန်းသောကော်ဖီဆိုင်လေးထဲကိုဝင်လိုက်သည်နှင့် စိတ်ထဲကြည်လင်သွား၏။ အဖြူရောင်နှင့်ခရမ်းဖျော့ရောင်များခြယ်မှုန်းထားသောဆိုင်လေးထဲတွင် ဧည့်သည်ကသိပ်မများလှ။ Indoor plant အပင်ငယ်လေးတွေစိုက်ပျိုးထားသောပန်းအိုးအရွယ်စုံများကို ဆိုင်ထောင့်နေရာများတွင်မကစားပွဲများပေါ်တွင်ပါအလှဆင်ထား၏။ပုံမှန် Coffee & Snack shop လေးများလိုပဲ သပ်ရပ်သန့်ရှင်းပြီးအေးစိမ့်နေသောအပြင်အဆင်လေးတွင်
စင်ပေါ်မှာတင်ထားတဲ့အလှထူးခြားသည်ကစာအုပ်စင်လှလှလေးများရှိနေခြင်းဖြစ်၏။ပန်းအိုးငယ်လေးတွေနဲ့စာအုပ်စင်လေးတွေကအမြင်ဆန်းနေသလို အရုပ်ပိစိလေးတွေကလည်းချစ်စဖွယ်။ စာအုပ်လေးတွေကစီစီရီရီနဲ့အရောင်စုံဆိုဒ်စုံ။
ကောင်တာဘေးရှိမှန်ပုံးလေးထဲတွင် အသင့်စားသုံးနိုင်သော Snack နှင့်ကိတ်လေးများကိုလည်းမြင်နေရသည်။ စားပွဲ ၈ ဝိုင်းသာရှိသောဆိုင်လေးထဲတွင် ဧည့်သည်က ၃ ဝိုင်းသာရှိနေ၏။
ဆိုင်ထောင့်ကစားပွဲမှာဝင်ထိုင်လိုက်ပြီးနာရီကိုငုံ့ကြည့်လိုက်တော့ ချိန်းဆိုထားသောအချိန်ထက် ၁၀ မိနစ်ခန့်စောနေသေးသောကြောင့် Menu ကိုကြည့်ပြီးမှချောကလက်မစ်ရှိတ်နှင့် Cheese sausage roll တစ်ပွဲမှာလိုက်၏။
အအေးဖျော်သည့်ဝန်ထမ်းနှင့် စားပွဲထိုးတစ်ဦးထဲသာရှိသောဆိုင်လေးက သီချင်းသံခပ်တိုးတိုးကြားမှာစိတ်အေးစရာကောင်းအောင်သက်တောင့်သက်သာဖြစ်စေသည်။ ဝိတ်တာကရေအေးတစ်ခွက်လာချပေးပြီးကောင်တာကိုပြန်သွားပြီးမှ ခဏအကြာတွင်ပြန်ရောက်လာပြန်၏။ စာရွက်လေးတစ်ရွက်ကိုတရိုတသေကမ်းပေးနေခြင်းကြောင့် ယူဖတ်လိုက်မိတော့...။
စားဖိုမှူးအပြင်ခဏသွားလို့ Kitchen ထဲမှာကူနေရတယ်။ ၁၅ မိနစ်လောက်စောင့်ပေးဖို့အားနာနာနဲ့ခွင့်တောင်းပါတယ်။