Part (1)

1.2K 83 16
                                    

ဝသုန်ကျော်

"ပြန်ပြောပါအုံးမေမေ၊ ကျွန်တော်ကြားလိုက်တာဟုတ်ရဲလားလို့..."

"အေး...ကြားတဲ့အတိုင်းပဲ၊ တော့်ကိုကျုပ်သူငယ်ချင်းသားနဲ့ပေးစားမလို့..."

အညာသူအမေကသူ့စိတ်နဲ့မတွေ့လေတိုင်း တော်တွေကျုပ်တွေသုံးနှုန်းလာတတ်မြဲ။

တာဝန်ကျရာမြို့ကနေ အိမ်မှာအရေးတကြီးကိစ္စရှိလို့ခွင့်ယူပြီးပြန်လာခိုင်းတာက ယောက်ျားပေးစားဖို့တဲ့လား။ ရောက်ရောက်ချင်းအမောတောင်မဖြေနိုင်သေးခင် ဆီးပြောလိုက်တဲ့စကားကြောင့်ဆွံ့အသွား၏။

"နေပါအုံးမေမေရာ...ဘယ်လိုကြောင့်များမိန်းမမဟုတ်ဘဲ ယောက်ျားပေးစားချင်ရတာလဲ။ ပြောထားတယ်လေ၊ ဒီနှစ်အတွင်းချွေးမတစ်ယောက်ရှာပေးမှာပါဆိုနေမှ..."

"ကျုပ်ကိုလာပြီးအချိုသပ်မနေနဲ့၊ ချွေးမချွေးမနဲ့ချွေးသိပ်လာတာ ဘယ်နှနှစ်ရှိနေပြီလဲ။ တော့်အကြောင်းကိုမသိဘူးများမှတ်နေလား။ တကတည်း...လူကြည့်တော့ကျားကျားလျားလျားနဲ့ သူများလင်ကိုကြာခိုချင်နေတာလား "

"ဟမ်"

ဒါကရောဘာစကားပါလိမ့်။ ပြူးကျယ်သွားသောမျက်ဝန်းနှင့်စိုက်ကြည့်နေမိတော့ မွေးသမိခင်မှာနှုတ်ခမ်းကိုဟန်ပါပါမဲ့ကာ ရှေ့စားပွဲမှာတင်ထားတဲ့သူ့ဖုန်းကိုဖွင့်ကာပြလာသည်က ဝသုန့် Facebook account က Post တစ်ခု။

ဒီ Post ကကြာလှပြီပဲ။ အစ်ကိုစစ်မင်းပြောင်းချိန်မှာနှုတ်ဆက်ပွဲလုပ်တုန်းကတင်ခဲ့တဲ့ Post။ ဘာများဖြစ်လို့လဲအကြည့်နဲ့ကြည့်လိုက်မိတော့...။

"သဲနုကပြောတယ်။ အဲဒီစီနီယာဆရာဝန်ကိုတော်ကကျိတ်ကြိုက်နေတာဆို..."

"ဟာ...ပေါက်ကရ

"ပေါက်ကရဆို ဘာလို့ကျွန်တော်ကအထီးကျန်နေတာ လွမ်းနေရတာ​တွေရေးထားတာလဲ၊ ပြောစမ်းပါအုံး"

"အဲတာသဲနုတို့အုပ်စုကိုနောက်ပြီးရေးထားတာပါမေမေရာ..."

"ဘာကိစ္စနဲ့..."

"သူတို့အုပ်စုကအစ်ကိုစစ်မင်း၊ အဲ...အဲစီနီယာကိုကြိုက်နေကြတာ၊ ကျွန်တော်နဲ့ကတစ်မြို့ထဲတာဝန်ကျတော့မနာလိုနေကြတာလေ၊ အဲတာကြောင့်သူတို့ကိုစပြီးတင်တာမျိုးပါ​မေမေရာ...ဘုရားပေးပေးကျမ်းပေးပေး မကြိုက်ရပါဘူး"

Muted Hearts, Bound by VowWhere stories live. Discover now