Unicode
ကံကြမ္မာရေးတဲ့ဖူးစာ အပိုင်း(၈)
အဖွားရဲ့ ၈နှစ်ပြည့်နှစ်ပတ်လည်နေ့ဟာ ကိုကို့ကြောင့်ပို၍ လူစုံခဲ့သည်။ခြောက်ကပ်နေတဲ့စံအိမ်ဟာ အခုတော့ စိုပြေနေခဲ့တာက လူတစ်ယောက်ထဲကြောင့်ဆိုရင် ကိုကိုဟာ စံအိမ်ကြီးကလူတွေအားလုံးရဲ့ အချစ်ကိုရထားတဲ့သူပဲဖြစ်လိမ့်မည်။
"သား..ပြန်ရောက်နေတာ ကြာပြီလား မာမီတို့ကိုဘာလို့ အဆက်အသွယ်မလုပ်တာလဲ သားရယ်"
ဒေါ်မြသွယ်သွယ်စိုးက ဧည့်ခန်းတွင်းရှိ နို့နှစ်ရောင်ရှိသော စိန်တလက်လက်တောက်ပနေသည့် နှစ်ယောက်ထိုင် ဆိုဖာပေါ်တွင် မဟာထင်၏လက်အား ဆုပ်ကိုင်ရင်းမေးနေခြင်း။"မာမီ့ကို မဆက်သွယ်ခဲ့လို့ ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော် မြန်မာပြည်ကိုရောက်တာသိပ်မကြာသေးပါဘူး မာမီတို့ကို suprise ဖြစ်စေချင်လို့ပါ"
အမှန်တကယ် သူမြန်မာပြည်ပြန်ရောက်နေခဲ့တာ အရင်နှစ်ထဲကပင်မလား။မဟာထင်လိမ်လိုက်ခြင်းက အမှန်တရားကို မသိစေချင်လို့မဟုတ်ပဲ အမှန်တရားကို ရှာဖွေချင်လို့ပါဆိုရင်..။"အဲ့တာတွေထားပါ မဟာလေးက ဒီကိုအပြီးပြန်လာတာမလားဟင်"
ဒေါ်မြသိင်္ဂီစိုးမှ မေးလိုက်ပါလျှင် ဧည့်ခန်းရှိ လူအားလုံး၏ မျက်လုံးများသည် အရောင်တလက်လက်နှင့် မဟာ့ကိုစိုက်ကြည့်နေကြသည်။"ဟုတ်ကဲ့ ကျွန်တော်အပြီးပြန်လာတာပါ"
"မင်းမာမီက မင်းကိုအမြဲလွမ်းနေတာ"
ဦးသုတမှ ပြောပါလျှင်"ကျွန်တော်ပြန်လာပြီမလို့ မာမီလွမ်းဖို့မလိုတော့ပါဘူး ဒယ်ဒီ"
ဧည့်ခန်းထဲမှာ မိသားစုအားလုံးစကားလက်ဆုံကျနေကြပြီး လရောင်ထွက်လာတာကိုပင် ဘယ်သူမှသတိထားမိပုံမပေါ်။လရောင်သိပ်သတိရနေခဲ့တဲ့ကိုကိုကလဲ မမတို့မားတို့ပါးတို့နဲ့သာစကားပြောနေပြီး လရောင်ကို ပြုံးတောင်မပြုံးပြတာမို့ စိတ်ထဲဝမ်းနည်းမိသည်။ဒီနှစ်တွေအတွင်းမှာ ကိုကိုဟာလဲ လရောင်ကိုမုန်းသွားခဲ့ပြီလား။အမှန်အတိုင်းပြောရရင် ကိုကိုက အရင်ကထက်အများကြီးပိုချောလာပါသည်။မဖြူလွန်းတဲ့ကိုကို့အသားအရည်ပေါ်မှာ ဝတ်ဆင်ထားတဲ့ suitကလဲ ကိုကိုနဲ့လိုက်ဖက်နေပြီး ဇင်ယော်မျက်ခုံးတွေ နှာတံချွန်ချွန်တွေ ကကြီးပုံစံ နှုတ်ခမ်းများကလဲမျက်နှာအစိတ်အပိုင်းတခုချင်းစီပေါ်မှာ အချိုးအကျလှပစွာရှိနေခဲ့သည်။၂၄နာရီမပြည့်သေးတဲ့ အချိန်ခနလေးမှာတောင် လရောင်ဟာ ကိုကိုနဲ့ပတ်သတ်တဲ့တခုချင်းစီကို စိတ်ထဲမှာစွဲနေခဲ့တာက ဘာလို့များလဲ...?
![](https://img.wattpad.com/cover/380219989-288-k167487.jpg)
YOU ARE READING
Red ribbon(or)ကံကြမ္မာရေးတဲ့ဖူးစာ
Romanceအချစ်က လူကိုပူလောင်စေတာလား ကိုယ်ရွေးချယ်လိုက်တဲ့ သူကကိုယ့်ကိုပူလောင်စေတာလား...?