Unicode
ကံကြမ္မာရေးတဲ့ဖူးစာ အပိုင်း (၂၂)
မေနဲ့ ဟင်္သာကလဲ လူနာစောင့်တဲ့ ကုတင်မှာအိပ်ပျော်နေကြပြီး မှိုင်းကလဲ အစောကပဲ အိပ်ပျော်သွားတာကြောင့် မင်းခန့် စောင်သေချာခြုံပေးကာ အခန်းထဲမှ ထွက်လာခဲ့သည်။
အချိန်မှာ ည၁၀နာရီဖြစ်တာကြောင့် ဆေးရုံးစင်္ကြန်လမ်းက ရှင်းလင်းနေသည် စိတ်ရှုပ်နေတာမလို့ လေကောင်းလေသန့် ရှူရန် သူလေသာဆောင်သို့ တက်လာလိုက်သည်။
လေသာဆောင်မှာ သူ့အပြင် အရင်ရောက်နေသည့် အမျိုးသားတစ်ဦး
"နောက်ဆုံးတော့ ငါတို့တွေ့ကြပြီပဲ"
"ဒီကို ဘာလာလုပ်တာလဲ"
"ငါက မှိုင်းရဲ့အကိုပဲ ဒီနေရာမှာ ငါရှိနေလို့မရဘူးလား မင်းကရော..."
"ဒီအတွက် အဖြေကို ခင်ဗျားကြားချင်လိမ့်မယ်လို့တော့မထင်ဘူး ဒါပေမယ့် ဖြေလိုက်ပါ့မယ် ကျွန်တော်က မှိုင်းရဲ့ ရည်းစား မင်းခန့်နောင်ပါ"
"အဟက် တစ်ဖက်သတ် သတ်မှတ်ထားတဲ့ရည်းစားလား"
"မှိုင်းကို ကျွန်တော့်နားကနေ လုယူလို့ ရမယ်လို့ ထင်နေတာလား"
"မှိုင်းက ငါ့အတွက် အရုပ်လေးတစ်ရုပ်မဟုတ်ဘူး မင်းခန့်နောင် ဘယ်သူပိုင်တယ်ဆိုပြီး တံဆိပ်တွေတပ်ထားရမယ့် ပြတိုက်ထဲက ပစ္စည်းလဲမဟုတ်ဘူး မှိုင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ် ကိုယ်ပိုင်ပျံသန်းခွင့်ရှိတယ် အဲ့တာကို ငါက ပိတ်လှောင်ထားမှာမဟုတ်ဘူး ငါလိုချင်တာ မှိုင်းရဲ့ပျော်ရွှင်မှုပဲ အတ္တတွေနဲ့ ပိတ်လှောင်ထားတဲ့ ခန္ဓာတစ်ခုမဟုတ်ဘူး"
"မှိုင်းအတွက် ခင်ဗျားက အကိုတစ်ယောက်ဆိုတာထက်မပိုပါဘူး"
"အဟွန်း" မဟာမဲ့ပြုံးတစ်ခုပြုံးလိုက်သည်
"မှိုင်းက မင်းဆီမှာ နေရတာမပျော်ဘူးဆိုတာ သိရဲ့လား ငါကြိုးစားစရာမလိုပါဘူး အရိပ်မရတဲ့ ကိုင်းမှာ နားနေတဲ့ ငှက်လေးက တစ်ချိန်တော့ သူ့အတွက် လုံခြုံတဲ့ အရိပ်ကိုပဲ လာခိုနားမှာပါ"
"ခင်ဗျား စောင့်ကြည့်နေလိုက်ပါ မှိုင်း ခင်ဗျားဆီကို လုံးဝရောက်မလာစေရဘူး"

YOU ARE READING
Red ribbon(or)ကံကြမ္မာရေးတဲ့ဖူးစာ
Lãng mạnအချစ်က လူကိုပူလောင်စေတာလား ကိုယ်ရွေးချယ်လိုက်တဲ့ သူကကိုယ့်ကိုပူလောင်စေတာလား...?