Red Ribbon (Part-23)

126 3 0
                                    

Unicode

ကံကြမ္မာရေးတဲ့ဖူးစာ အပိုင်း(၂၃)

အခန်းတွင်း လူများစွာရှိနေပေမယ့်ကူကယ်ရာ မဲ့နေသူမှာ စိမ့်တစ်ယောက်သာ...

"မြ...မမရှင်းပြပါရစေ"

"တော်တော့ နင်ပါးစပ်ပိတ်ထား ငါ့မျက်စိနဲ့တပ်အပ်မြင်ခဲ့တာတောင် နင်က ငါ့ကိုလိမ်ချင်သေးတာလား နင် အလိုမတူပဲ ဘာကိစ္စ ငါ့ယောင်္ကျားရဲ့ ရင်ခွင်ဆီရောက်နေရတာလဲ"

"ဒီမိန်းမက ကျွန်တော် ညစာစားဖို့လာခေါ်တာကို ကျွန်တော့်ကို ဖြားယောင်းတယ်"

"ရှင်..မဟုတ်တာတွေပြောမနေနဲ့ ရှင်ပဲ ကျွန်မကိုစော်ကားခဲ့တာလေ"

"တော်စမ်း! အာ့ "

ဘုန်း....

ကြမ်းပြင်ပေါ်လဲကျသွားသော ဦးစစ်ထင်

"ဖေဖေ..."

အသက်မရှိတော့သည့် ဖေဖေ့ ခန္ဓာကို‌ပွေ့ချီရင်း စိမ့်ငိုနေမိခဲ့သည် စိမ့်ကို ယုံကြည်မယ့်သူ မရှိတော့ဘူးလား စိမ့် တစ်ယောက်ထဲဖြစ်သွားခဲ့ပြီလား...

"တီခက် ဖေဖေ့ကို ခေါ်လို့မရတော့ဘူး"

"အစောင့်တွေ ဒီမိန်းမကို ဆွဲခေါ်သွားကြစမ်း"

နေမင်းမဟာရှိန်၏ အသံဖြစ်သည် တီခက်က စိမ့်ကို ကြည့်နေပေမယ့် ထိုအကြည့်တို့မှာ သနား၍ မဟုတ်ပဲ ရွံ့မုန်းသည့်အကြည့်များသာဖြစ်သည်

"မလုပ်ပါနဲ့ တောင်း..တောင်းပန်ပါတယ် ဖေဖေ့ရဲ့နောက်ဆုံးအချိန်လေးကို အတူရှိချင်လို့ပါ"

စိမ့်ဘယ်လိုပင် အော်ငို၍ အကူအညီတောင်းနေပါစေ အချည်းနှီးသာဖြစ်၍ အားကုန်ကာ လောကကြီးနှင့် အဆက်အသွယ်ပြတ်ခဲ့ရပါသည်။

မြမျက်ကွယ်ပြုထားခဲ့သည် မောင့်ကိုချစ်တဲ့စိတ်နဲ့ မြအမှန်တရားကို ဖုံးကွယ်ခဲ့မိသည်
ဒီကိစ္စမှာ မြမတရားခဲ့ပါဘူး အခန်းတွင်းသို့ ကျူးကျော်ဝင်ရောက်နေသည်မှာ မောင်ဆိုတာကို သိပေမယ့် မြ မောင့်ကိုယုံကြည်ခဲ့ပါသည် မြ အမှန်တရားကို ဖုံးဖိခဲ့သည်။

စီးပွားရေးအသစ်ထူထောင်နေချိန်ဖြစ်၍ စံအိမ်မှာ ထိုသတင်းကို ဖုံးကွယ်ထားခဲ့ကြသည်။

Red ribbon(or)ကံကြမ္မာရေးတဲ့ဖူးစာWhere stories live. Discover now