Unicode
ကံကြမ္မာရေးတဲ့ဖူးစာ အပိုင်း (၁၅)
မာမီ သတိလစ်နေတာ တစ်ပတ်ရှိနေပြီဖြစ်သည်။ဆရာဝန်တွေက စောင့်ကြည့်ဖို့ပြောပင်မဲ့ တစ်ပတ်ဆိုတဲ့အချိန်က မဟာအတွက်ကြာလွန်းပါသည်။
"ဟယ်လို ရှိုင်းသူရိန် မင်းတို့ဘယ်မှာလဲ"
"....."
"အေး ငါလာခဲ့မယ်"
Barသို့ ဦးတည်မောင်းရင်း
"အခြေအနေဘယ်လိုလဲ"
"စောင့်ကြည့်နေတုန်းပဲ ဘာမှသိပ်မလှုပ်ရှားသေးဘူး"
"ဘာမှမဖြစ်စေနဲ့ ငါတို့စောင့်ကြည့်နေတာလဲ မရိပ်မိစေနဲ့"
"အေးပါကွာ မင်းနိုင်ငံခြားက ပြန်ရောက်ထဲက Barတွေနဲ့ အဆက်အသွယ်ဖြတ်ထားတာလား မင်းလိုချင်တာရှိမှပဲ ပေါ်လာတော့တယ်"
"အခုလဲ ကိစ္စရှိတယ်"
"ပြောပါအုံး မင်းကိစ္စတွေကြည့်ပဲ"
"မျက်မြင်သက်သေလိုချင်တယ်"
"ဟမ်..."
ဇေရဲက နားမလည်သည့်ပုံစံနှင့်မို့
"အမေ့ကို ကားနဲ့တိုက်သတ်သွားတာ ဦးသုတပါဆိုတာကို မြင်တဲ့မျက်မြင်သက်သေ ငါလိုချင်တယ် ဇေရဲ မင်းအဲ့အပိုင်းကျွမ်းတယ်မလား"
"ဒါပင်မဲ့ မင်းတောင် ဒီအရွယ်ကြီးရောက်နေပြီ မင်းမမွေးသေးခင်က ကိစ္စကို တွေ့ခဲ့တဲ့လူဘယ်မှာရှာမှာလဲ"
"ဖြစ်ခဲ့တဲ့ နေရာမှာပဲ သွားရှာရမှာပေါ့ ရှိုင်းသူရိန်ကတော့ ဦးသုတကိုပဲ ဆက်ပြီးစောင့်ကြည့်ပေးပါ"
"အမှန်တရားပေါ်သွားရင် သူ့သားအရင်းဖြစ်တဲ့မင်းအပေါ်ပါ အမဲစက်တွေကျလာမှာ"
"ငါတရားမျှတမှုပြန်ပေးချင်တယ် အမေ့အတွက် မာမီ့အတွက် မြစံအိမ်အတွက်"
Ring ~
"ဟယ်လို"
"......"
"ဗျာ ကျွန်တော်အခုချက်ချင်းလာခဲ့ပါ့မယ်"
"ဟျောင့် ဘာဖြစ်လို့လဲ"
"မာမီ ပြန်သတိရလာပြီတဲ့ ငါသွားတော့မယ်"

YOU ARE READING
Red ribbon(or)ကံကြမ္မာရေးတဲ့ဖူးစာ
Romantikအချစ်က လူကိုပူလောင်စေတာလား ကိုယ်ရွေးချယ်လိုက်တဲ့ သူကကိုယ့်ကိုပူလောင်စေတာလား...?