Red Ribbon (Part-11)

153 2 0
                                    

Unicode

ကံကြမ္မာရေးတဲ့ဖူးစာ အပိုင်း(၁၁)

ကားပါကင်သို့ အရှိန်ပြင်းပြင်းမောင်းနှင်လာသည့် BMWကားတစ်စီး။

ထိုကားထဲမှ ဆင်းလာသည့် အမျိုးသားတစ်ဦး။
ဂျယ်အသုံးပြုကာလှန်တင်ထားသည့်ဆံပင် ဇင်ယော်မျက်ခုံး ကကြီးသဏ္ဌာန်နှုတ်ခမ်းနှင့် အချိုးကျလှတဲ့မျက်နှာ ဘက်ဘယ်လက်ဖျံကြောပေါ်ရှိ ရောမစာလုံးတွေပါသည့် ရွှေရောင်လက်ပတ်နာရီ၊အနက်‌ရောင်ပြောင်လက်နေသည့် စတိုင်‌ဘောင်းဘီအနက်နဲ့အတူ တွဲဖက်ဝတ်ဆင်ထားသည့်shoesတစ်ရံ၊တောင့်တင်းလွန်းသည့် ရင်အုပ်ကြွက်သားများက ကြယ်သီးနှစ်လုံးဖြုတ်ထားသည့် ရှပ်အင်္ကျီကြား ပိုပေါ်လွင်ကာမိန်းကလေးများရဲ့အမြင်အာရုံကိုဖမ်းစားထားသူ

"မှိုင်း"

"ကိုကို လာ ပြီလား မှိုင်းက မျှော်နေတာ"
လေးပင်နေသောအသံများနှင့် အမူးသမားလေးက ရင်ခွင်ထဲတိုးဝင်ကာ သိုးပေါက်လေးလို ချွဲနေသေးသည်။ဆူဖို့တွေးထားပင်မဲ့ ဒီမျက်နှာလေးကြောင့် စိတ်တိုနေတာတွေပင် ကြက်ပျောက်ငှက်ပျောက်

"ဘာလို့အများကြီးသောက်ထားတာလဲ"

ဖက်ထားရာမှ ခွာလိုက်ပြီး သူမ၏ဝဲဘက်ရင်အုံကိုလက်ညှိုးထိုးကာ လေးပင်သောအသံများနှင့်

"ဒီ နားက နာ ကျင် ‌ရလို့"

အရက်ရှိန်ကြောင့် ရဲတက်နေသည့် ပါးလေးနှစ်ဖက်အား လက်နှစ်ဖက်နှင့်ကိုင်လိုက်ပြီး

"ဒီအမူးသမားလေးကို ဘယ်သူကနာကျင်ရအောင်လုပ်တာလဲ"
မဟာမေးတာကိုပင်ပြန်မဖြေနိုင်တော့ပဲ သူ့ရင်ခွင်ထဲပျော့ခွေကျလာသည့် ကောင်မလေးအားထိန်းကာ ပတ်ဝန်းကျင်ကိုဝေ့ပတ်ရှာလိုက်တော့ ဘေးဘီဝဲယာမှာ မှိုင်းရဲ့သူငယ်ချင်းတွေတစ်ယောက်မှမတွေ့။ဒါတောင် ဒီလောက်ထိမူးအောင်သောက်ထားတာလား။သူမကို ပြန်ငုံ့ကြည့်မိတော့ ဝတ်ထားတဲ့ ဝတ်စုံကြောင့် မျက်ခုံးတန်းတို့တွန့်ချိုးသွားပြီး ကုတ်အင်္ကျီကို သူမခါးမှပတ်ကာ ပွေ့ချီလိုက်သည်။

ကားထဲမှာအိပ်ပြီးပါလာသည့်ကောင်မလေးအား အိမ်ရောက်နေပြီဖြစ်သောကြောင့်

Red ribbon(or)ကံကြမ္မာရေးတဲ့ဖူးစာWhere stories live. Discover now