အပိုင်း ၃၂ ဒုတိယပိုင်း

506 77 2
                                        

ဒီနေ့က သူနှစ်လကြာအောင် ပြုလုပ်ခဲ့ပြီး ဖန်တီးထားတဲ့အရာ နိုးထလာပြီး ဓာတ်ခွဲခန်းထဲမှာ ပေါက်ကွဲမှုတစ်ခုကို ဖြစ်သွားစေခဲ့တာကြောင့် ထိုပေါက်ကွဲမှုက ရူးသွပ်နေတဲ့ သိပ္ပံပညာရှင်ကို ကြောင်အသွားစေတယ်။

ဒီသတ္တဝါကို ဖန်တီးတုန်းက သူအရမ်းစိတ်လှုပ်ရှားနေခဲ့လို့ဖြစ်မယ်။ ထိုသတ္တဝါက ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာနဲ့ ၎င်းက လူသားတွေရဲ့ စံနှုန်းနဲ့ ဘယ်လိုမှမကိုက်ညီတာကို သူဂရုမစိုက်မိခဲ့ဘူး။ ဒါကြောင့် ထိုအရာနိုးထလာတဲ့အခါ သူကြောင်နေမိတယ်။

ရှေးဟောင်းစာအုပ်က မန္တာန်ကို ဖတ်လိုက်တော့ အပြာရောင်အလင်းက ခပ်ဖျော့ဖျော့လင်းလာပြီး ခွဲစိတ်ကုတင်ပေါ်က မကောင်းဆိုးဝါးက မျက်လုံးဖွင့်လာကာ မူလကိုယ်ကို ကြည့်လာခဲ့တယ်။

ထိုကြောက်စရာကောင်းတဲ့အရာက ကြီးမားတဲ့ ခန္ဓာကိုယ်၊ ချွန်ထက်တဲ့ လက်သည်းတွေ၊ သွားတွေနဲ့ မျက်နှာမှာလည်း အငြိုးကြီးတဲ့ အမူအရာရှိနေတယ်။

မူလကိုယ်က ထိုသားရဲမျက်လုံးတွေကို မြင်တော့ လုံးဝသတိလစ်သွားပြီး အမှောင်ထုထဲကို ကျဆင်းသွားခဲ့တယ်။

မူလကိုယ်ရဲ့ မှတ်ဉာဏ်တွေက ဒီနေရာမှာ အဆုံးသတ်သွားခဲ့တယ်။

ကျိုးယွီက သူ့နားထင်တွေကို ပွတ်သပ်လိုက်ပြီး အထီးကျန်တဲ့ပုံပေါက်နေတယ်။

တကယ်တော့ သူဒီလိုမျိုး တစ်ကြိမ်ပြီးတစ်ကြိမ် ပြန်လည်မမွေးဖွားချင်တော့ပေ။ ဘာလို့ ပြန်လည်မွေးဖွားလာလဲ မသိတော့ပေ။

သူသိတာကတော့ သူချစ်ရသူက သူ့ကို ထားခဲ့ပြီဖြစ်ပြီး သူကတော့ အရင်လို တစ်ယောက်တည်း ပြန်ဖြစ်သွားတာကိုပဲ။

အရင်ဘဝတုန်းက သူ့ရဲ့ နောက်ဆုံးချိန်တွေကိုရောက်တော့ ဖုန်ရှင်းက သူ့ကိုအဖော်ပြုပေးဖို့ သူ့ကိုယ်သူ တမင်သက်သက် အသက်ကြီးအောင် လုပ်ခဲ့တယ်။

ထိုပိုင်ဆိုင်လိုစိတ်ပြင်းပြတဲ့ ကောင်လေး၊ သူဘယ်လောက်ဝမ်းနည်းနေမယ်ဆိုတာကို ကျိုးယွီ မသိတော့ပေ…

သူက မျက်တောင်ခတ်လိုက်ကာ မျက်လုံးထဲက ရေငွေ့တွေကို ဖယ်ရှားလိုက်တယ်။

ရည်းစားတွေက သည်းထိတ်ရင်ဖိုဇာတ်လမ်းထဲက ဘော့စ်ဖြစ်သွားတယ် [ဘာသာပြန်]Where stories live. Discover now