Kai soo အခန်းထဲက ထွက်သွားပြီး ခဏကြာတော့ soo's appa နဲ့ omma ၀င်လာကြသည်။
Tao: soo လေး ပြိုင်ပွဲမှာ ရေကူးပြိုင်ရင်းနဲ့ ရေနစ်သွားလို့ဆို ဘယ်လိုဖြစ်ရတာလဲ soo လေးရယ်...Tao soo ဆီကိုပြေးလာပြီး အမောတကောနဲ့ soo ကိုမေးနေမိသည်။
Kris: ဆရာဝန် ပြောတာတော့ သမီး အပြင်းအထန် လေ့ကျင့်လိုက်လို့ဆို ... သမီးက ရေကူးတော်ရဲ့သားနဲ့ ဘာလို့ အဲ့လောက်ထိ လေ့ကျင့်ခဲ့ရတာလဲ ....
Soo: ဘာမှ မဟုတ်ပါဘူး ဒီလိုပါပဲ appa ...
Tao: aww... ဒါနဲ့ သမီး အပြင်က သမီးသူငယ်ချင်းတေလား .. သမီးကို ဆေးရုံကို လာပို့ပေးကြတဲ့ လူတေလို့ပြောတယ် omma အထဲကို ခေါ်လိုက်ရမလား ...
Soo မျက်လုံးပြူးသွားသည်။
Soo: ⊙﹏☉Hmm!! လူတေအများကြီးပဲ ဟုတ်လား??
Tao: ဟုတ်တယ်လေ သမီးရဲ့ ခဏနေအုံး Omma သွားခေါ်လိုက်အုံးမယ် ...
Soo: omma မခေါ် ခေါ်...
Soo တားချိန်တောင် မရလိုက် ... tao ကအခန်း အပြင်တောင် ရောက်သွားပြီလေ ...
Tao: သားတို့ သမီးတို့ အခန်းထဲ ၀င်လာကြလေ ...
Kai တို့အုပ်စု ကြောင်သွားသည်။ ပြီးမှ ...
Kai: ရတယ် aunty .... မ၀င်တော့ပါဘူး ကျွန်တော်တို့ ပြန်တော့မှာပါ ...
Tao: ပြန်တော့မလို့လား ?? ခဏနေကြပါအုံး soo လေးကိုဝင်တွေ့ပြီးမှ ပြန်ပါ...
ဆိုပြီး kai လက်ကိုဆွဲပြီး အခန်းထဲကို ခေါ်သွားတော့ အကုန်လုံး လိုက်လာကြရပြီ....
အခန်းထဲရောက်တော့ kai တို့အုပ်စု ဘာစကားမှမပြောဘဲ ကြောင်တောင်တောင်လုပ်ပြီး ရပ်နေကြသည်။ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တဲ့ သူက Kris ....
Kris: မင်းတို့က soo လေးကို ဆေးရုံလာပို့ကြတယ်လို့ ပြောတယ် မင်းတို့ကို တကယ် ကျေးဇူးတင်ပါတယ်ကွာ ...
ဆိုပြီး kris တယောက် လှိုက်လှိုက်လှဲလှဲ ပြောနေရှာသည်။