<< At Uni >>Soo တစ်ယောက် ကျောင်းကိုရောက်တာနဲ့ အတန်းထဲကိုအရင်မသွားသေးဘဲ Canteen ဘက်ကို ခြေဦးလှည့်ခဲ့တယ် ... Kai တို့အဖွဲ့က ဒီအချိန် Canteen မှာပဲရှိနေအုံးမှာကို သူသိတယ်လေ ... ဟော ဟိုမှာတွေ့ပြီး Kai တို့အဖွဲ့ကို ..
Soo: Morning ...
All: Morning Soo ...
Kai ဘေးမှာပဲ နေရာ လွတ်တော့တာမို့ Soo Kai ဘေးမှာပဲ ဝင်ထိုင်လိုက်တယ် ။ Soo ထိုင်ပြီးမှပဲ နောင်တရမှန်းသိတော့တယ် ။ ခုမှပူပူနွေးနွေး ရည်းစားဖြစ်သွားတဲ့ နှစ်တွဲက သူနဲ့ Kai ရှေ့မှာ သည်းနေကြတယ်လေ ။
Hun: Lu ကို့ ကိုအဲ့မုန့် ခွံကျွေးပါဆို .. ကျွေးပါဆိုနေမှ ...
Lu တစ်ယောက် ဘေးကိုတစ်ချက်ကြည့်လိုက်ပြီး မြန်မြန်ပြီးသွားရင် ပြီးတာပဲ ဆိုပြီး မုန့်ကို ဇွန်းနဲ့အပြည့် ခပ်လိုက်ပြီး Hun ပါးစပ်ထဲကို ထိုးထည့်ပေးလိုက်တယ် ။ Lu တစ်ယောက် မုန့်ထည့်တာ လက်ကလွန်သွားတော့ Sehun တစ်ယောက်မုန့်တွေသီးကုန်တယ် ။
Hun: အဟွတ် .. အဟွတ် .
အဲ့တော့မှ Lu ပြာယာခတ်သွားပြီး ရေတစ်ခွက် အမြန်ထည့်လိုက်ပြီး Sehun ကိုတိုက်လိုက်တယ် ။
Hun: Lu ကို့ ကိုအသေသတ်နေတာလား ? ခွံ့မကျွေးချင်ရင်လည်း ပြောပါ Lu ရယ်ဒီလိုမျိုးနဲ့တော့ မသတ်ပါနဲ့ ..
Lu: မ မဟုတ်ပါဘူး Hun ရယ် ... Lu ကအမြန်လုပ်လိုက်လို့ပါ တောင်းပန်ပါတယ်နော် ..
ဆိုပြီး Lu ကသမင်မျက်လုံးနဲ့ပြောလိုက်တော့ Sehun တစ်ယောက်ဘယ်ခံနိုင်တော့မလဲ ...
အင်း ... HunHan ကပြီးပြန်တော့ ဒီဘက်မှာ ChanBaek ...
Baek: Yeol ငါ့ကို Liner ဘူးဝယ်ပေးအုံး ကုန်သွားပြီ ...
Yeol: Hmm!! ဟိုးတနေ့ကလေးတင်မှ တစ်ဘူးဝယ်ပေးထားတယ်လေ ... ဘာလဲ ပျောက်သွားလို့လား ?
Baek: ဘယ်က ပျောက်ရမှာလဲ ? Baekkie သုံးလို့ ကုန်ပြီလေ ...
Yeol: Omm!! Liner ဘူးကို ထိုင်များသောက်သလား Baekkie ရယ် .. ဒီလောက် အတံလေးသေးသေးလေးနဲ့ ဘာမှမရှိတဲ့ မျက်ခွံလေးကို ဆွဲတာ အဲ့လောက်တောင် အကုန်မြန်ရသလား ?