<< At Uni >>
ထုံးစံအတိုင်း soo ကျောင်းကို အစောကြီးလာခဲ့သည်။ ကျောင်းထဲကို ၀င်ခါနီး သူ့လက်တဖက် စောင့်ဆွဲခြင်းခံလိုက်ရ သဖြင့် သူလှည့်ကြည့်လိုက်တော့ Hee Jae တို့အုပ်စု...
Soo: Ya!!!! ဘာလုပ်တာလဲ ?? ငါ့လက်ကို လွှတ်စမ်း
Hee Jae: မလွှတ်နိုင်ပါဘူး ငါတို့နဲ့လိုက်ခဲ့
ဆိုပြီး Soo တယောက်သူတို့ဆွဲခေါ်တဲ့နောက် ပါလာခဲ့သည်။
Soo: Ahh.....
Soo ကိုကျောင်းရဲ့ လူပြတ်တဲ့ နေရာ တခုကို ခေါ်လာပြီး နံရံကိုစောင့်တွန်းပစ်လိုက်၍ Soo ကျောဘက်မှ အောင့်တက်သွားသည်။
Soo: Ya!!! နင်တို့ငါ့ကို ဘာလုပ်တာလဲ လို့မေးနေတယ်လေ
Suri: နင်ငါတို့ကို မေးစရာမလိုဘူး ငါတို့မေးတာပဲ နင်ဖြေရမယ်
Hee Jae: နင် မနေ့က Kai oppa ကို ပါးရိုက်လိုက်တယ်ဆို
Soo: Awww... အဲ့ကြောင်းပြောချင်လို့ ငါ့ကို ဒီကိုခေါ်လာတာလား?? ဟုတ်တယ် ငါမနေ့က သူ့ပါးကို ရိုက်လိုက်တယ် အဲ့ဒါနင်တို့နဲ့ ဘာဆိုင်လဲ
Hee Jae: Borrr... နင်တကယ် ငါတို့ oppa ရဲ့ပါးလေးကို ရိုက်လိုက်တာလား??
Soo: နင်နားမကောင်းဘူးလား ငါဟုတ်တယ်လို့ပြောတယ်လေ
Hee Jae: သူငယ်ချင်းတို့ ငါတို့ oppa ကို ဒီမိန်းမက ရိုက်လိုက်တယ်တဲ့ ငါတို့သူ့ကို ဘယ်လို ပြန်အပြစ်ပေးရင် ကောင်းမလဲ???
Geni: ငါတို့ ရဲ့ ထုံးစံအတိုင်းပဲ လုပ်ပေးရမှာပေါ့ hk hk
သူတို့ သုံးယောက် soo အနားကို ကပ်သွားပြီး soo ကိုတရစပ် ရိုက်တော့သည်။ soo ခမျာ သုံးယောက် တယောက်ဆိုတော့ ဘာမှပြန်မလုပ်နိုင် ငြိမ်ပြီးသာခံနေရသည်။
Hee Jae: ရိုက်ချင်အုံး ငါတို့ oppa ရဲ့ပါးကို ..
Soo: Ahhh.....
Kai: ဟိတ်မင်းတို့ ရပ်လိုက်ကြတော့ ရပ်လိုက်လို့ပြောနေတယ်လေ
BINABASA MO ANG
"Can u be my Boyfriend" [ Complete Fic ]
FanfictionMain Character - KaiSoo Normal Fic .