Author Note: ဒီအပိုင်းက hun နဲ့ lu ကို kai က cupid လုပ်ပေးမှာဆိုတော့ သူတို့နှစ်ယောက်အကြောင်းများမယ်နော် ...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~<< At Uni Canteen >>
Kai တို့တေ Canteen မှာထိုင်ပြီး မုန့်စားနေကြသည်။ kai lu baek yeol ကရောက်နေပြီ မရောက်သေးတာ hun ....
Lu: hun ဒီနေ့ နောက်ကျတယ်နော် ဘာလို့လဲ မသိဘူး yeol နင့်ကိုသူဖုန်းဆက်လား??
Yeol: မဆက်ပါဘူး ခဏနေရောက်လာမှာပါ
Kai: ဘာလဲ သူ့ကို သတိရနေတာလား??
Lu: ပေါက်ပေါက်ရှာရှာ သတိမရပါဘူး
Lu လန့်ပြီး အမြန်ဖြေလိုက်မိသည်။
Baek: ဟိုမှာ ကိုယ်တော်ကြွလာပြီ ...
အကုန်လုံး ကြည့်လိုက်ကြတော့ hun ကောင်မလေး တယောက်နဲ့ လာနေတာ ပြုံးလို့ပျော်လို့ .... ကောင်မလေးကလည်း hun လက်ကိုချိတ်ထားသည်။ lu မျက်နှာတချက်ပျက်သွားသည်။ နောက်ပြီး အအေးကိုသာ ငုံ့ပြီးသောက်နေသည်။
Hun: အစောကြီးရောက်နေကြတာလား??
Kai: ငါတို့က စောတာ မဟုတ်ဘူး မင်းက နောက်ကျနေတာ ...
Hun: aww... ဟုတ်လား ဟဲ ဟဲ
Baek: ဒါနဲ့ သူက ဘယ်သူလဲ ??
Hun: Hmm... သူက လား သူက...
Hun ပြောခါနီး kai ကိုလှမ်းကြည့်လိုက်သည်။ kai ကမျက်လုံးတဖက် မှိတ်ပြလိုက်တော့
Hun: သူက ငါ့သူငယ်ချင်းလေ Geni တဲ့ ... ချစ်ဖို့ကောင်းတယ်မလား??
Baek: imm ချစ်ဖို့ကောင်းပါတယ် ...
Geni: Annyeong ... Geni ပါ ရင်းရင်းနှီးနှီး နေရအောင်နော်
Hun: Geni ကိုယ်မင်းကို မိတ်ဆက်ပေးမယ် သူက kai သူက yeol သူက baekkie သူက Lulu
Lu(pov:) aww.. ကိုယ်နဲ့ မင်းတောင်ပြောနေပြီလား?? Lu နဲ့တောင်အဲ့လိုမပြောဘူးနော်