မနက်ဝေလီဝေလင်း အချိန်လေး ... ဟန်မြစ်ဘေးမှာ ကောင်လေးနဲ့ကောင်မလေး ပြေးရင်းစနေကြတယ် ... နှစ်ယောက်လုံး မျက်နှာတေကလည်း အပြုံးတေကိုယ်စီနဲ့ ..ကောင်မလေးက ကောင်လေးနောက်ကို ပြေးလိုက်ရင်း စကားတေပြောနေသည်။
ကောင်မလေးက ချစ်ဖို့ကောင်းတယ် ... မျက်လုံးဝိုင်းဝိုင်း နှာတံစင်းစင်းလေး heart shape lip လေးနဲ့.. အားကစားဝတ်စုံ ပန်းရောင်အဖျော့လေးကို ၀တ်ထားသည်။Soo: ကို မပြေးနဲ့တော့ ရပ်တော့ soo မောနေပြီ
Soo တယောက်မောသံလေးနဲ့ပြောတော့မှ ရှေ့ကပြေးနေတဲ့ကောင်လေးက လှည့်ကြည့်ပြီး ပြုံးပြကာ soo ဆီပြေးလာနေသည်။သူ့အရပ်က ယောက်ျားလေးတယောက်မှာ ရှိသင့်တဲ့အရပ် .. အရမ်းကြီးမရှည်လွန်း ... soo တယောက် သူ့ကိုဖက်လိုက်ရင် soo ခေါင်းလေးက သူ့ရင်ခွင်ထဲ မှာမြုပ်သွားလေ့ရှိသည်။ နက်မှောင်တဲ့ မျက်ခုံး... ဖြောင့်စင်းနေတဲ့နှာတံ .. အညိုရောင်မျက်လုံးပိုင်ရှင်... ပါးလျှပ်နေတဲ့ နှုတ်ခမ်းလေး .. ယောက်ျားပီသလွန်းတဲ့ ခန္ဓာကိုယ်... ဖြူဖွေးနေတဲ့အသားအရေ အဲ့လိုမျိုး သူ့ခန္ဓာကိုယ် တခုလုံးက ယောက်ျားလေးဖြစ်ပြီး soo ကိုဆွဲဆောင်လွန်းလှသည်။
သူက soo သိပ်ချစ်ရတဲ့ သူ့ရဲ့ချစ်သူ Jiho ...
Soo သူရဲ့ချစ်သူကို အရမ်းချစ်တယ် စိတ်မချလောက်အောင်ပေါ့ ... ကိုက သူ့ထက် 2 နှစ်ကြီးတယ်။ soo ကခုမှ အထက်တန်းဒုတိယနှစ်ပဲ ရှိသေးပေမယ့် ကိုကတော့ တက္ကသိုလ်ကျောင်းသားပါ ...သူကို့ကို စတွေ့တဲ့အချိန်က soo အဲ့နေ့က ကျောင်းနောက်ကျနေ၍ လမ်းကိုအမြန်လျှောက်လာရင်း ကို့ရဲ့ ကားလာနေတာကို မတွေ့ဘဲ ၀င်တိုက်မိရာကနေ ကိုနဲ့soo ရင်းနှီးလာခဲ့တယ်။ နောက်ဆုံး ကို sooကို ဖွင့်ပြောခဲ့တယ်။ soo အတိုင်းမသိပျော်မိတာပေါ့ .. သူချစ်နေရတဲ့ ကိုက သူ့ကိုခုလို ဖွင့်ပြောတော့ သူမပျော်ဘဲ နေမလား...
KAMU SEDANG MEMBACA
"Can u be my Boyfriend" [ Complete Fic ]
Fiksi PenggemarMain Character - KaiSoo Normal Fic .