<< At Canteen >>Kai တို့5 ယောက် canteen ရဲ့ဝိုင်းတ၀ိုင်းတွင် ထိုင်ပြီး စကားပြောနေကြသည်။ kai ကိုလည်း ကောင်မလေးတေက လာပြီး စကားတေပြောနေကြသည်။ kai ကတော့သူတို့ လာပြောတဲ့ စကားတေကို အလိုက်သင့်လေးသာ ဖြေပြီး ပြန်ပြောနေသည်။ ထိုစဉ် သူတို့ နေရာကို တစုံတယောက်လာနေတယ်ထင်၍ sehun လှည့်ကြည့်လိုက်ရာ ...
Hun: ဟေ့ ဟေ့ ငါတို့နေရာကို ဘယ်သူလာနေလဲ ကြည့်ကြအုံး
အကုန်လုံးလိုက်ကြည့်လိုက်တော့ .....
Soo သူတို့ဆီကို ဦးတည်ပြီး လမ်းလျှောက်လာနေသည်။ လမ်းလျှောက်လာတဲ့ ပုံလေးက သိမ်သိမ်မွေ့မွေ့လေး .. သူ့ဆံပင်လေးတွေကလည်း လေထဲမှာ ဖြေးဖြေးချင်းပျံ့ဝဲနေသည်။ kai ကတော့ soo ပုံကိုကြည့်ကာ မေးရိုးပင် အောက်ပြုတ်ကျနေပြီ ... အဲ့ဒါကို yeol က kai ပါးစပ်ကို သူ့ရဲ့ လက်နဲ့ ပိတ်ပေးလိုက်ပြီးYeol: မင်းရဲ့ ပါးစပ်ထဲ ယင်ကောင် ၀င်တော့မယ် kai
Kai သူ့ပါးစပ်သူပြန်ပိတ်လိုက်ပြီး yeol ရဲ့စကားကို ပြန်မတုန့်ပြန်နိုင် soo ရဲ့ပုံရိပ်ကို လွတ်သွားမှာ စိုး၍ မျက်တောင်မခတ်နိုင်ဘဲ သူ့မျက်လုံးအိမ်ထဲမှ ကင်မရာဖြင့် soo ရဲ့ ပုံရိပ်တေကို အမိအရဖမ်းယူနေသည်။ soo ကလည်း သူ့တည့်တည့်ကို လျှောက်လာနေတော့ သူ့ရင်ခုန်သံတေ ထိန်းလို့မရတော့
Kai(pov:) ငါအိမ်မက်များမက်နေလား soo ငါ့ဆီကို လာနေတာလား??
Soo သူတို့နားကို ရောက်လာပါပြီ... ပြီးတော့ kai ကိုတချက်ကြည့်လိုက်ပြီး ကျော်သွားသည်။
Kai: Hmmm?????Soo kai နောက်မှ အအေးစက်ကိုလာခြင်းဖြစ်သည်။ soo အအေးစက်မှ အအေးဘူးကို ထုတ်နေသည်။ kai ကတော့ သူ့အနားက soo ရဲ့ ရနံ့လေးကို အမိအရရှုနေမိသည်။ အနံ့လေးက စူးစူးရှရှကြီးမဟုတ် ပန်းရနံ့လိုမျိုးလေးဖြစ်သည်။ soo အအေးဘူးကိုထုတ်လို့ရသွားတော့ သူတို့အနားမှ ပြန်ထွက်သွားသည်။
ŞİMDİ OKUDUĞUN
"Can u be my Boyfriend" [ Complete Fic ]
Hayran KurguMain Character - KaiSoo Normal Fic .