Kai ခေါင်မိုးထပ်ကို တက်လာခဲ့လိုက်သည်။
Kai: လေလေးက ရှုလို့ကောင်းလိုက်တာ
ထိုစဉ်......
"ဒုတ်"
Kai: Hmm.... ဘာသံလဲဟ
Kai တယောက်မျက်လုံးလေးပြူးပြီး အသံလာရာကြည့်လိုက်တော့...
ခုံတန်းလေးပေါ်မှာ စာအုပ်လေးပိုက်ပြီး အိပ်ပျော်နေတဲ့ Soo ဆိုတဲ့ကောင်မလေး အိပ်ငိုက်နေရင်း ခေါင်းက သူ့ဘေးက နံရံကိုတိုက်မိပြီး အသံထွက်လာခြင်းဖြစ်သည် ။... ကောင်မလေးက အရမ်းချစ်ဖို့ကောင်းတယ် နှုတ်ခမ်းလေးက အသည်းပုံပုံစံလေးနဲ့ ရယ်လိုက်ရင်း တော်တော်ချစ်ဖို့ကောင်းမှာပဲဟု သူ့စိတ်ထဲ တွေးလိုက်မိသည်။Kai: ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကောင်မလေးကို ဘယ်လိုလူက စိတ်ဒဏ်ရာတွေ ပေးခဲ့တာလဲ??
Kai တယောက်တည်း တိုးတိုးလေးပြောနေမိတယ်။ ပြောနေရင်းနဲ့ သူSoo နားကို တိုးလာခဲ့တယ်။ ပြီးတော့ သူ့မျက်နှာက Soo မျက်နှာနား ကပ်ရင်းနဲ့ Soo နှုတ်ခမ်းလေးကို ကြည့်နေရင်း တိုးလာနေတုန်း
Soo: ဟင် !!!!
Kai: Ahhhh........
Soo လန့်နှိုးသွားပြီး ....
Soo: ⊙.☉ !!!!! Ya...
" ဖြောင်း..."
ပြင်းထန်တဲ့ရိုက်သံတခု သူတို့နှစ်ယောက်ကြား ထွက်လာခဲ့တယ် Kai မျက်နှာ လည်ထွက်သွားပြီး
Kai: Ya!!! မင်းဘာလို့ ငါ့ကိုရိုက်တာလဲ???
Soo: နင်ကရော ဘာလို့ငါ့မျက်နှာနား ကပ်လာတာလဲ
Kai: အဲ့ အဲ့ ဒါ က......
Kai တယောက်စကားအထစ်ထစ် အငေါ့ငေါ့ ဖြစ်နေတုန်း
Soo: အဲ့ဒါတွေကြောင့် ယောက်ျားတွေကို အယုံအကြည်မရှိတာ မိန်းကလေးတွေကို အခွင့်အရေးရတာနဲ့ ဖျက်စီးချင်နေကြတာ တော်တော် ရွံဖို့ကောင်းတာပဲ
Soo စကားကြောင့် Kai ရင်ထဲက နာကျင်သွားခဲ့သည်။
Kai: ဟိတ်မင်း ငါ့ကို အဲ့လိုမပြောနဲ့ အဲ့လိုလူစားမျိုးထဲမှာ ငါမပါဘူး