Chapter - 5

3.6K 302 2
                                    

သလွန်ထက်တွင် လဲလျောင်းနေသော မင်းကြီးနားတွင် သမားတော်ကြီးအပြင် အမတ်ကြီးများပါ ဝိုင်းရံနေကြသည်.. အားလုံးမျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ အတိုင်းသားပေါ်လွင်လျက်ရှိသည်.. အပူကြီးသဖြင့် မင်းကြီးနှုတ်မှ ကယောင်ကတမ်းစကားများကြောင့် အမတ်များအားလုံး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေကြသည်..

"သမားတော်ကြီး.. မင်းကြီးအခြေအနေဘယ်လိုရှိလဲ"

"အင်းးး... စိတ်ကြောင့်ဖြစ်နေတာဆိုတော့ ကုသရခက်တယ်.. နန်းတော်နဲ့ဝေးရာရောက်နေတာဆိုတော့ ရေမြေအပြောင်းအလဲကြောင့် ဖြစ်ရတာ.. သူ့အချစ်ဆုံးကြင်ယာတော်ကော ညီတော်ကပါ အဝေးရောက်နေတာဆိုတော့ ပိုပြီးအထီးကျန်နေတာလည်းပါတာပေါ့.. ကျုပ်က အပြင်အပူကိုငြိမ်းအောင်လုပ်နိုင်ပေမယ့် အတွင်းအပူကတော့ နတ်ဆေးသမားတော်တောင်ကုနိုင်မယ် မထင်ဘူး"

"ဒါဆို ကိုယ်တော်လေးကို အကြောင်းကြားကြမလား"

"ဟာာ မဖြစ်ဘူး.. ကိုယ်တော်လေးက ရန်သူ့နယ်မြေထဲ ရောက်နေတာ.. သူ့ကို စိတ်ပူအောင် မလုပ်ကြပါနဲ့.. တော်ကြာ စိုးရိမ်လွန်ပီး အမှားတွေဖြစ်ကုန်မှ ဒုက္ခရောက်ကုန်ဦးမယ်"

တစ်ယောက်တစ်ပေါက်ပြောနေကြသော အမတ်များစကားသံကြားတွင် အသံတခုဟိန်းထွက်လာသည်..

"အဲဒီအတွက် စိတ်မပူပါနဲ့.. ကျွန်တော်ကြိုစီစဉ်ထားပါတယ်"

အမတ်တွေထဲမှာ အငယ်ဆုံးဖြစ်သော်လည်း ဉာဏ်ပညာအကြီးဆုံးဖြစ်သည့် အမတ်ကြီးChangminစကားသံကြောင့်ဘအားလုံးတိတ်ဆိတ်သွားကြသည်.. ပြီးတော့ ငြိမ်သက်စွာနားစွင့်နေကြသည်..

"ခဏနေ သိရမှာပါ"

Changmin စကားဆုံးပြီး မရှေးမနှောင်းမှာပင် သံတော်ဆင့်အသံ ထွက်ပေါ်လာသည်..

"ကြင်ယာတော် Junsu မင်းကြီးထံအခစားဝင်ရန် ရောက်ရှိလာကြောင်းပါ"

ထိုအချိန်မှ အမတ်များ၏ချီးကျူးမျက်ဝန်းများ Changminထံ ရောက်ရှိလာကြသည်.. တဲနန်းအတွင်းသို့ Junsuဝင်ရောက်လာသည်..

"မင်းကြီး သက်သာရဲ့လား"

"ကြင်ယာတော် ရောက်လာမှတော့ မင်းကြီးသက်သာတော့မှာပါ.. ကြင်ယာတော်လည်း ရွှေနန်းတော်ကနေ အဝေးကြီးလာခဲ့ရတာ ပင်ပန်းရောပေါ့.. ခဏနားလိုက်ပါလား"

ရန်သူ့မြေမှ ချစ်တေးတပုဒ်Where stories live. Discover now