Chapter 9

3.2K 267 24
                                    


"မင်းကြီး ကျွန်တော်မျိုး သိလာရသလောက်ကတော့ လာမယ့်လပြည့်ညမှာ သူတို့ဘက်က စစ်မျက်နှာစဖွင့်ဖို့ပြင်ဆင်ထားတယ်"

"အင်း ဒါဆိုရင်တော့ သူတို့မစခင် ကိုယ်တော်တို့ဘက်က ဦးအောင် တိုက်ဖို့လိုတယ်"

ဂျိုဆောင်တပ်၏ ခေါင်းဆောင်များအစည်းအဝေးကျင်းပရာနေရာသို့ ခြေမြန်တပ်သားများ ရောက်ရှိလာကြောင်း အကြောင်းကြားလာသည်..

" ရှေ့တော်ဝင်စေ"

"အရှင်မင်းကြီး နဲ့ အမတ်ကြီး ခင်ဗျား.. ဟန်တပ်ရဲ့ ရေကြောင်းစစ်သူကြီးကို အောင်မြင်စွာလုပ်ကြံပြီးကြောင်းပါ"

တပ်သားစကားကြောင့် မင်းကြီး Yoochun ဇဝေဇဝါဖြစ်သွားသည်.. အမတ်ကြီး changmin ဆီမှ ခပ်ဟဟအပြုံးတခုနဲ့ မတ်တပ်ထရပ်လိုက်သည်..

"မောင်မင်း တော်တယ်.. တပ်မှူးရာထူးနဲ့အတူ ရွှေစင် ၂၀သားအပိုင်ရစေ"

"ကိုယ်တော့်ကိုရှင်းပြပါဦး အမတ်ကြီး"

"ဒီလိုပါ မင်းကြီး .. တကယ်တော့ ဂျိုဆောင်တပ်မှာ တိမ်မြှုပ်နေတဲ့ ကျောက်အရိုင်းတုံးတွေအများကြီးရှိပါတယ်... များများသွေးပေးလိုက်ရင် တန်ဖိုးရှိတဲ့ကျောက်မျက်ရတနာတွေဖြစ်လာကြမှာ.. အခုလည်း ကျောက်အရိုင်းတုံးတွေကို စမ်းသပ်ပြီးသွေးကြည့်တာ ထင်တဲ့အတိုင်း အရမ်းတန်ဖိုးကြီးတဲ့ကျောက်တွေဖြစ်လာပြီ.. ဓါးကောင်းတလက်ဆိုတာ မသွေးဘဲထားတာကြာလေ တုံးလေဖြစ်သွားလိမ့်မယ်.. ဒါကြောင့် များများသွေးပေးထားတာ..အခု သူတို့တာဝန်ကိုအောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပြီလေ"

အမတ်ကြီးစကားကြောင့် မင်းကြီးအားရပါးရပြုံးတော်မူသည်..

"မင်းကြီးကို အရင်အသိမပေးတာက မင်းကြီးသိရင် ကျွန်တော်မျိုးကို အရင်တားပြီး စဉ်းစားနေဦးမှာ.. စဉ်းစားနေရင် ကြာသွားမှာစိုးလို့ပါ.. စစ်ပွဲမှာ ကိုယ်က လက်ဦးမှုရနိုင်လေ အနိုင်ရခြေများလေပဲ"

"အမတ်ကြီး Changmin အရမ်းတော်တယ်.. ဒီနေ့ကစပြီး အမတ်ချုပ်ကြီး ရာထူးတိုးစေ"

"အမိန့်တော်မြတ်အတိုင်းပါ"

"ကဲ ပြောစရာမရှိတော့ရင် ညီလာခံရုတ်သိမ်းပြီ.. အိမ်ရှေ့မင်းသားကလွဲရင် အားလုံးပြန်နိုင်ပြီ"

ရန်သူ့မြေမှ ချစ်တေးတပုဒ်Where stories live. Discover now