စစ်ကြောင်းချီနေသော လမ်းတစ်လျှောက်လုံး Jaejoong မြင်းပေါ်မှာ ငြိမ်ငြိမ်လေးသာလိုက်လာခဲ့သည်.. မနေ့ညက ကိစ္စတွေကြောင့် စိတ်ရှုပ်သဖြင့် ငိုထားရလွန်းလို့ မျက်လုံးတွေလည်းမို့အစ်နေပြီ.. ခေါင်းပေါ်က ခေါင်းဆောင်းကြောင့်သာ ဘယ်သူ့မှသတိမထားမိတာ.. Yunho ကို ခိုးကြည့်မိတော့ မျက်မှောင်ကြီးကုတ်ကာ ပါးစပ်တင်းတင်းစေ့လျက် ငယ်သားတွေကို မအော်စဖူးအော်ငေါက်နေသည်.. သူ့ကိုလည်း စကားတစ်ခွန်းမှမပြောဘူး.. သက်ပြင်းငွေ့ငွေ့လေးချကာ ပူပြင်းသောနေရောင်အောက်မှာ ပျင်းရိစွာချီတက်နေရတော့သည်..
တဖြည်းဖြည်းရန်သူ့မြေ တနည်းအားဖြင့် Jaejoongတို့ ဂျိုဆောင်တပ်ဘက်နီးလာသောအခါ သတိပိုရှိလာကြသည်.. ရှေ့တည့်တည့် မြစ်ကကူးမလာဘဲ ကုန်းလမ်းဘက်ကကွေ့လာရသောကြောင့် လမ်းမှာ ငါးရက်နီးပါးကြာခဲ့သည်.. ရေတပ်နှင့်မဟုတ်ဘဲ ကုန်းတပ်နှင့်စစ်မျက်နှာဖွင့်မည်ဖြစ်သောကြောင့် ဟန်တပ်တွေပိုသတိထားရသည်.. သူတို့ကရေတပ်ကို အဓိကထားတိုက်လေ့ရှိသောကြောင့် ကုန်းတပ်ဘက်မှာ အတွေ့အကြုံနည်းလေသည်.. သို့ပေမယ့် ရေတပ်ကိုလည်း အားလုံးပြင်ဆင်စေပြီးသား..
နီးလာလေလေ Jaejoong ရင်တွေတုန်လာလေလေ.. အကိုတော်တို့ကို ကြိုအကြောင်းကြားထားပေမယ့် သူတို့ဘယ်လိုပြင်ဆင်ထားတယ်ဆိုတာ Jaejoong မသိရဘူးလေ.. ပြောရရင်ဖြင့် ဒါ Jaejoong ရဲ့ပထမဆုံးတိုက်ပွဲအတွေ့အကြုံပါ.. သူက ရန်သူ့ဘက်ကိုရောက်နေပေမယ့် ပထမဆုံးအတွေ့အကြုံမှာ ကိုယ့်တိုင်းပြည်ကို နိုင်စေချင်တာ Jaejoongရဲ့ဆန္ဒပါ..
နောက်ဆုံးတော့ စစ်တပ်နှစ်ဘက်လုံး သဲတွေဖုန်းလွှမ်းနေသော ကွင်းပြင်ကျယ်ကြီးတွင် မျက်နှာချင်းဆိုင်တွေ့ကြပါပြီ.. Jaejoong ကတော့ Yunhoကိုယ်ရံတော်မို့ စစ်သူကြီးကိုကာကွယ်ရုံသာ.. သို့ပေမယ့် အကိုတော်ကတော့ တိုက်ပွဲနဲ့ဝေးဝေးနေဖို့သတိပေးထားပါရဲ့... အခုလည်း စစ်သူကြီးဘေးမှာနေရသူမို့ စစ်မျက်နှာပြင်ရှေ့ဆုံးမှာ ရောက်နေသည်.. Yunho ကတော့ သူတို့လျို့ဝှက်စီစဉ်ထားတာတွေ ပေါက်ကြားသွားတာကို အံ့သြနေပုံရသည်.. သူတို့ကုန်းကြောင်းဖြင့်လာတိုက်မှာကို ကြိုသိနေပြီး အသင့်စောင့်ကြိုနေသည်ကို သူစဉ်းစားမရဖြစ်နေသည်.. သို့ပေမယ့် သူကြာကြာစဉ်းစားချိန်မရပေ.. တိုက်ပွဲက လက်တဖက်ကမ်းရောက်နေပီလေ..