Chapter 4

3.4K 272 0
                                    

ဒီလမ်းဒီခရီး ဝေးလွန်းလှသည်ဟု ထင်မိသည်.. အတင်းတားနေသော အကိုတော်ကို ဆန္ဒပြဇွတ်ပူဆာကာ ထွက်လာခဲ့သော်လည်း လုပ်နိုင်ပါ့မလားဟူသောစိုးရိမ်စိတ်ကလေး ရင်ထဲမှာ ဖြစ်နေမိသည်.. တခုခုလွဲချော်သွားလျှင် သူ့အသက်ကိုပါ စတေးရနိုင်သည်ဟုတွေးမိတော့ နည်းနည်းတော့ စိုးရိမ်မိသလိုလို.. အကိုတော်ကတော့ နည်းနည်းမှစိတ်မချဘဲ လွှတ်လိုက်ရသဖြင့် သွေးတိုးပြီးကျန်ခဲ့သည်.. သူ့ကို ကူညီကာ အကိုတော်ကိုဝိုင်းပြောပေးသော အမတ်ကြီးကိုလည်း ကျေးဇူးတင်မိသည်.. ယောက်ျားဆိုတာ တစ်သက်မှာ တစ်ခါလောက်တော့စွန့်စားဖူးရမယ်တဲ့ .. အမတ်ကြီးရဲ့စကားကို အပြည့်အ၀သူထောက်ခံမိသည်.. သူ့ဘ၀တွင် တစ်ခါမှ မစွန့်စားဖူးခဲ့ပါ.. အမတ်ကြီးသင့်တော်မှန်ကန်လှသောစကားကြောင့်လည်း အကိုတော်လက်ခံလိုက်တာဖြစ်သည်..

လှေငယ်ဖြင့် မြစ်ကိုဖြတ်ကူးနေရင်း နောက်ဆုံးတော့ တဖက်ကမ်းသို့ရောက်လာခဲ့သည်.. လှေကို ကျောက်တုံးများကြားတွင်ဖွက်ထားပြီး လူကတော့ ကမ်းပေါ်ကို ခိုးကြောင်ခိုးဝှက်တက်လာခဲ့သည်.. သစ်ပင်ကြိုသစ်ပင်ကြားပုန်းကွယ်သွားရင်း နောက်ဆုံးတော့ ရန်သူ့နယ်မြေထဲ ခြေချမိတော့သည်..တောင်ကုန်းအပေါ်စီးမှလှမ်းကြည့်တော့ ချိုင့်ဝှမ်းကျယ်ကြီးတစ်ခုလုံးကို ဟန်တပ်များ နေရာယူတပ်စွဲထားသည်ကို တွေ့လိုက်ရသည်..

လက်ထဲမှာကိုင်လာသော စာပို့ခိုလေးကတဆင့် သူဘေးကင်းစွာရောက်ပြီဆိုသည့်အကြောင်းကို အကိုတော်ဆီသို့ စာပို့လိုက်သည်.. ထို့နောက် တောင်ကုန်းပေါ်ကဆင်းလိုက်ရင်း ပုန်းနေကာ အထဲဝင်ရောက်ဖို့ အခွင့်အခါကောင်းကိုစောင့်နေလိုက်သည်.. ခဏကြာတော့ တပ်သားများအားလုံး ကွင်းပြင်ကြီးဆီသို့ စုဝေးသွားနေကြသည်ကို တွေ့လိုက်ရသဖြင့် ပုန်းနေရာမှ အသာလေးထွက်ကာ သူတို့နှင့်ရောနှောလိုက်ပါသွားတော့သည်.. သူ့ကိုယ်ပေါ်မှ အမတ်ကြီးဆင်ပေးလိုက်သောဟန်တပ်သားဝတ်စုံကြောင့် သူတို့နှင့် ရောနှောလိုက်သွားလို့အဆင်ပြေသွားသည်.. တစ်ခုပဲလိုနေသည်က မည်းသည်းကြမ်းတမ်းလှသော တပ်သားများအကြားထဲတွင် ဖြူဖွေးနုဖတ်နေသောသူ့အသားအရေနှင့် မျက်နှာလေးကတော့ ဖုံးကွယ်ထားလို့မရပေ..

ရန်သူ့မြေမှ ချစ်တေးတပုဒ်Donde viven las historias. Descúbrelo ahora