ကောင်းကင်ယံမှာ လမင်းကြီး ထိန်ထိန်သာနေသည်.. လပြည့်ညမို့ မြစ်ထဲမှအရာအားလုံးကို ရှင်းလင်းစွာ မြင်နေရသည်.. မင်းကြီး Yoochunကတော့ လှေဦးထိပ်မှာ ရပ်ကာ ငြိမ်သက်တိတ်ဆိတ်နေပေမယ့် သူ့စိတ်အစဉ်ကတော့ အတွေးများစွာဖြင့် ရှုပ်ထွေးနေသည်..
သူ့စိတ်တွေက သိပ်မကြာသေးခင်က သူ့မျက်စိရှေ့က ထွက်သွားသောလှေနောက်ကို လိုက်ပါသွားပြီး စိုးရိမ်ပူပန်မှုတွေ အမြင့်ဆုံးထိ ထိုးတက်နေသည်.. ဘာဖြစ်လို့များ သူဒီရူးသွပ်တဲ့တောင်းဆိုမှုကို လက်ခံလိုက်မိပါလိမ့်.. အန္တရာယ်ကြီးမားတယ်ဆိုတာ သိသိကြီးနဲ့ သူလက်ခံလိုက်မိသည်.. ဒီအချိန်လောက်ဆို တဖက်ကမ်းရောက်လောက်ပြီ..Gwanhee တို့ဘက်က တခုခုသာအန္တရာယ်ပေးခဲ့လျှင် Gwanhee ကို လုံးဝခွင့်လွှတ်နိုင်မည်မဟုတ်.. ကိုယ့်ကိုကိုယ်လည်း ဘယ်တော့မှ ခွင့်လွှတ်နိုင်တော့မည်မဟုတ်ပေ.. တောင်းဆိုမှုကို လက်ခံမိလိုက်သည်ကို နောင်တတွေအကြီးအကျယ်ရနေမိသည်.. သို့သော် ဒီနည်းလမ်းကလွဲ၍ တခြားနည်းလမ်း မရှိနိုင်ဘူးဆိုတာလည်း သိနေပြန်သည်..
"စိတ်ပူနေတာလား အရှင်မင်းကြီး"
ဘေးနားရောက်လာသည့် အမတ်ကြီးကိုမြင်တော့မှ စိတ်တွေ လက်ရှိအချိန်ကို ပြန်ရောက်လာသည်.. အမတ်ကြီးမေးခွန်းကိုတောင် ပြန်မဖြေနိုင်.. မင်းကြီးရဲ့ မျက်နှာကိုကြည့်ရင်း Changmin လည်းနားလည်သွားသည်..
"အရမ်းကြီး စိတ်ပူပန်မနေပါနဲ့.. အဆင်ပြေသွားမှာပါ.. ခနနေ အချိန်ကျတော့မယ်.. စထွက်ဖို့ အဆင်သင့် ပြင်ထားလိုက်ပါ့မယ်"
---
တဖက်ကမ်းတွင်
"စစ်သေနာပတိချုပ်ကြီး ဂျိုဆောင်ဘက်က လှေတစီးရောက်လာပြီး တွေ့ခွင့်တောင်းနေပါတယ်"
ဂျိုဆောင်ဟုကြားတော့ Gwanhee မျက်နှာပေါ်တွင် အပြုံးတခုပေါ်လာသည်.. ဘယ်လိုအပြုံးဟု ခေါင်းစဉ်တပ်၍မရသော်လည်း ကောင်းသောပြုံးခြင်းမဟုတ်တာတော့ သေချာသည်..
"ခေါ်လာခဲ့"
ခဏကြာတော့ အရှေ့ရောက်လာသည့်အခါ အံ့သြသွားသူမှာ Gwanhee ဖြစ်သွားသည်.. သူလုံးဝထင်မထားသူက သူရှေ့ရောက်လာတယ်တဲ့လား..