Chapter 6

3.5K 307 3
                                    

စာပို့ခိုမှရသော Jaejoongသတင်းအရ လာမည့်လပြည့်ကျော်၎ရက်နေ့တွင် ဟန်ပြည်ဘက်မှ ထိုးစစ်စတင်မည်ဟု သိရသည်.. ထူးခြားချက်က ဒီတခေါက် ရေကြောင်းဖြင့် တိုက်စစ်မဆင်ဘဲ ကုန်းကြောင်းဖြင့် တိုက်စစ်ဆင်မည်ဆိုသည့် အဖိုးတန်သတင်းကြောင့် ဂျိုဆောင်ပြည်ဘက်တွင် စစ်သူကြီးများ ခေါင်းချင်းဆိုင်ကုန်ကြသည်..

သို့သော် မင်းကြီး yoochun၏ ဝှက်ဖဲတချပ်ဖြစ်သော Changminကို တဖက်ရန်သူများမှ အထင်သေးခြင်းမှာ ဂျိုဆောင်၏အားသာချက်တခုပင်ဖြစ်လေသည်.. ဂျိုဆောင်ဘက်မှာတော့ အမတ်ကြီး Changmin မှ ဦးဆောင်၍ ချမှတ်ပေးသော စစ်နည်းပရိယာယ်များကို နားထောင်နေရင်း မင်းကြီးအပါအဝင်အားလုံးက နှစ်ထောင်းအားရရှိကြသည်.. အမတ်ကြီးကား တကယ်ကို အားကိုးရသောပညာရှိအမတ်ကြီးပေပဲ..

မင်းကြီးကတော့ စစ်တိုက်ဖို့ထက် သူ့ညီတော်အဆင်ပြေရဲ့လားဟု စိုးရိမ်နေသည်.. စာထဲတွင် အဆင်ပြေကြောင်းလေးပင် ထည့်မရေးလိုက်သောကြောင့် စိတ်ထဲမကောင်းဖြစ်နေမိသည်..

" Chunnie ဘာတွေ စိတ်မကြည်အလိုမကျဖြစ်နေတာလဲ"

သူ့မျက်နှာရိပ်ကိုအမြဲတစေကြည့်နေသော ကြင်ယာတော်စကားကြောင့် အတွေးပြတ်သွားသည်..

"တိုက်ပွဲအကြောင်း စဉ်းစားနေလို့ပါ"

"တိုက်ပွဲအကြောင်းကိုစဉ်းစားနေတဲ့သူက မျက်လုံးထဲမှာ လွမ်းရိပ် စိတ်မကောင်းရိပ်တွေများ စွန်းထင်းနေလားလို့.. မင်းသားလေးအကြောင်း စဉ်းစားနေတာများလား"

"ဟားး ကိုယ့်suuieလေးကို ကိုယ်တော် ဘယ်တုန်းကမှလိမ်လို့မရပါလား.. အင်း ဟုတ်တယ်..  Jaejoong ကို စိုးရိမ်နေတာ.. ကိုယ်တော် သူ့ကို အန္တရာယ်များတဲ့ ရန်သူ့ဘက်ကိုလွှတ်လိုက်တာ ကိုယ်တော်မှားသွားပြီလားမသိပါဘူးကွယ်..  သူက အတွေ့အကြုံနည်းနည်းလေးမှမရှိဘူးလေ.. တခုခုဆို ကိုယ်တော်ရင်ကျိုးရမှာ"

သက်ပြင်းအရှည်ကြီးကိုမှုတ်ထုတ်လိုက်တော့ ကြင်ယာတော် Junsu လည်း စိတ်မကောင်းဖြစ်သွားမိသည်..

"မင်းသားလေးကိုယ်တိုင် စွန့်စားချင်လို့ ကိုယ်တော်ခွင့်ပြုလိုက်တာပဲ.. ကိုယ်တော့်အပြစ်မဟုတ်ပါဘူး.. ပြီးတော့ မင်းသားလေးလည်း သတ္တိအရာပြောင်မြောက်သူပါ.. မင်းကြီးရဲ့ ညီတော်ပဲ.. သူ စွမ်းဆောင်နိုင်မှာပါ"

ရန်သူ့မြေမှ ချစ်တေးတပုဒ်Where stories live. Discover now