Part - 1

2.4K 220 3
                                    

"တီ.................."

သာယာတဲ့မနက်ခင်းအချိန်မှာ မသာယာလွန်းသော အသံဆိုးကြီးက ကုတင်ဘေးရှိစားပွဲပေါ်ကနေ အချက်ပေးကာ ထမြည်လာသည်

မဖွင့်ချင်သေးတဲ့မျက်ခွံတွေကို လေးတွဲစွာဖွင့်လိုက်ပြီး ဝေဝေဝါးဝါး မက်နေတဲ့အိမ်မက်ကမ္ဘာထဲကနေ ဝရုန်းသုံးကားရုန်းထွက်လာခဲ့ရပြီး လက်ကလည်း auto နာရီကို ဆောင့်ကြီးအောင့်ကြီးလှမ်းပိတ်ပြီးသား... :/ နား နားမှာ လင်ဗန်းနှစ်ချပ်ကို ကိုင်ရိုက်နေတာထက်ဆိုးတယ်

ဥာဏ်ကြီးရှင်...အဲ့ဒါဥာဏ်ကြီးရှင်ကြီးရဲ့ idea လေ ph alarm ringtone လို တော်ရုံတန်ရုံအသံလောက်နဲ့ကျွန်တော့်ကိုနိုးအောင်မလုပ်နိုင်လို့ အသံအကျယ်ဆုံးစက်ကိုတမင်ရွေးဝယ်လာပေးတာ... ကျွန်တော့်ကိုတိုက်ရိုက်ပေးရင်မယူမှာစိုးလို့ အမေကနေတစ်ဆင့်ကိုပေးလိုက်တာ...ငါနှလုံးရောဂါရအောင်များရည်ရွယ်ထားသလားပဲ...အဲ့နာရီကြီးကြောင့် မနက် မနက်ဆို အလန့်လန့်အဖျန့်ဖျန့် ရင်တုန်ပန်းတုန်နဲ့နိုးလာရတယ်...အဲ့နာရီကြီးဘယ်အချိန်ထမြည်လာမလဲဆိုပြီး စိတ်တွေစွဲပြီး တစ်ခါတစ်ခါ အိမ်မက်ထဲအထိတောင်ပါပါလာတယ်...တော်တော်ဒုက္ခပေးလို့ဆိုပြီးကိုင်ပေါက်ပစ်လိုက်ရင်လည်း ဒင်းက လက်မလျှော့တဲ့အပြင် နောက်ထပ်နှစ်လုံးထပ်လာပို့ဦးမှာ... အဲ့လို အဲ့လို မနက်မိုးလင်းတာနဲ့ ဒီအမြင်ကပ်စရာလူကြီးအကြောင်းနဲ့ပဲ ဒေါကန်နေရတယ်... :/သူ့အမြင်ကပ်စရာအကြောင်းတွေတွေးနေမိရင် ဒီနေ့ကျွန်တော် ကျောင်းသွားရတော့မှာမဟုတ်ဘူး...

ကုတင်ပေါ်ကနေ လေးပင်စွာထလိုက်ပြီး ရေချိုးခန်းထဲဝင်လိုက်သည် ကိုယ်ပေါ်ကအဝတ်အစားတွေချွတ်ပြီးနောက် ရေပန်းကိုဖွင့်ချလိုက်ပြီး ရေပန်းအောက် ခေါင်းထိုးလိုက်သည် ကိုယ်ကိုရေစွတ်သွားအောင်စိမ်နေရင်း ဟိုလူကြီးအကြောင်းတွေက မကြိုဆိုချင်ပါဘဲ အတွေးထဲဝင်လာပြန်သည် ~

စတွေ့ကြကတည်းကိုက အချိုးမပြေတွေ့ဆုံခြင်းမျိုး...

>>>>>>>>>>Flash back

ဒီနေ့အိမ်မှာ ဘယ်သူမှမရှိတော့ တစ်ကိုယ်တော်လွတ်လပ်ရေးတွေရနေသည် အဖေက ထုံးစံအတိုင်း ကုမ္မဏီသွားကာ အမေက သူငယ်ချင်းနေမကောင်းလို့ဆိုပြီး သတင်းမေးရန်သွားသည်~
ရတောင့်ရခဲအခွင့်အရေးလေးမို့ စာကျက်ဖို့ဆိုတာ ဝေးလာဝေး...ဖုန်းကိုကောက်ကိုင်ပြီး မနက်စာစားပြီးကတည်းက game ထိုင်ဆော့နေလိုက်တာ အချိန်တွေဘယ်လောက်ကုန်သွားမှန်းမသိ... ထိုင်ဆော့လိုက် လှဲဆော့လိုက်နဲ့ တော်တော်ညောင်းလာတော့မှ အချိန်တော်တော်ကြာနေပြီမှန်းသတိထားမိတော့သည် ~~

Because I want to love you (one shot)Where stories live. Discover now