ကျွန်တော် ဒီမြေပေါ်ကို ပြန်လည်ခြေချခဲ့ပြီ
ကျွန်တော့်ကို ဘဝရဲ့ အကောင်းဆုံး သင်ခန်းစာတွေ ပေးနိုင်ခဲ့သော မြေ
နာကျင်မှုဆိုတာကို အကောင်းဆုံး အဓိပ္ပါယ် ဖွင့်ဆိုပေးနိုင်ခဲ့သောမြေ
တစ်နှစ်တာ ကာလဆိုတာ ဘာမှမကြာပေမယ့် ဖြူစင်သော သူ့နှလုံးသားကိုတော့ အရောင်ဆိုးနိုင်ခဲ့သည်လေ
လာကြိုသည့်ဦးလေးက သူငယ်စဉ်ကလေးတည်းက ထိန်းလာသော သူ
သူကတော့ ဦးလေးလို့သာ ခေါ်တတ်သည်
"ဦးလေး "
"Bin လေး တော်တော် ထွားလာတာပဲ ဦးလေးကိုကော မှတ်မိသေးရဲ့လား တော်တော် ပြောင်းလဲ သွားတယ်ကွာ သွားတုန်းက ပုံနဲ့ တစ်ခြားစီ "
"ဟုတ်တယ် ဦးလေး နေရာအပြောင်းအလဲ ကြောင့်ပါ "
"လာ Bin လေး မမကြီးတို့စောင့်နေတယ် "
မမကြီးလို့ ဦးလေးက Hanbin အမေကို ခေါ်သည်
"အင်းကျွန်တော်လဲ တွေ့ချင်နေပြီ ဒါပေမယ့် အဘွားဆီ အရင်သွားချင်တယ် "
ဦးလေး မျက်နှာ မကောင်းဖြစ်သွားတ ကျွန်တော်သိပါတယ်
"သွားတာပေါ့ Bin လေးအဘွားဆီ အရင်သွားပြီးမှ အိမ်ပြန်ကြမယ်"
"ဟုတ် ဦးကြီး "
အေးချမ်းလှသော တောင်ကုန်းမြင့်ပေါ်က သုဿ. န်လေး
အရိပ်ကောင်းလှတဲ့ သစ်ပင်ကြီး အောက်က မြေပုံလေး တစ်ခု
"အဘွား သား Bin လေးလေ မှတ်မိလား "
မြေပုံပေါ်က မျက်လေးတွေ ကိုရှင်းရင်း မြေပုံဘေး ထိုင်ချလိုက်တယ်၎
"သား တောင်းပန်ပါတယ် သားအဲ့နေ့ကို လုံးဝမေ့မရဘူးဘွား ဘွား ခုလိုဖြစ်တာ သားအပြစ်ပါ သားနောက်ဆုံး အနေနဲ့တောင် ဘွားရဲ့ဘေးမှာ မနေပေးနိုင်ခဲ့ဘူးလေ "
ဝမ်းနဲယောင်သန်းနေတဲ့ သူ့မျက်လုံးတွေ ချက်ချင်းခက်ထန်သွားခဲ့တယ်
"ဒါတွေ အားလုံး သူ့ကြောင့် ကျွန်တော်လုံးဝမကျေနပ်ဘူး ဘွား အဘွားခုလိုဖြစ်ရတာလဲ သူ့ကြောင့်ပဲ "

BINABASA MO ANG
Endless Love
RastgeleIkon Fic လေးဖြစ်ပါတယ် .Hanbin နဲ့ Jinhwan တို့ရဲ့ ကြမ်းတမ်းတဲ့ အချစ်လမ်းအကြောင်းကို ရေးထားတာ ဖြစ်ပါတယ်