ဟောင်းနွမ်းနေတဲ့ အိမ်လေးတစ်လုံးဆီကို wheelchair ဘီးလေး တဖြည်းဖြည်းလှိမ့်ပြီး
ရောက်လာသည် အိမ်တံခါးလေးကို တွန်းဖွင့်
လိုက်ပြီး အိမ်ထဲကို ဝင်လိုက်သည် အပြင်ပန်း
ဟောင်းနေပေမယ့် အထဲမှာတော့ ပစ္စည်းတွေ
က သူနေရာနဲ့သူ သပ်သပ်ရပ်ရပ် ရှိနေပါသေး
တယ် အကုန်အသစ်အတိုင်းပဲ သူတို့နေခဲ့တုန်း
ကလိုပေါ့ wheelchair ပေါ်မှာထိုင်နေတဲ့
ဲ့ကောင်လေးကတော့ မျက်ရည်တွေရစ်ဝိုင်းနေ
တဲ့ မျက်ဝန်းတွေနဲ့အိမ်ကိုတချက်ဝေ့ကြည့်
့်လိုက်သည်*မပြောင်းလဲသေးဘူးပဲ*
သူတကိုယ်ထဲကြားရုံ အားမပါသောအသံနဲ့
ပြောလိုက်သည် သူအိမ်ထဲမှာ လှည့်ပတ်ကြည့်နေရင်း အခန်းတခန်း ရှေ့ရောက်တော့ ရပ်လိုက်မိသည် ဒီအခန်းကို သူလုံးဝရင်မဆိုင်
ရဲပါဘူး သူအခန်းတံခါးကို စိုက်ကြည့်နေရင်း မျက်ရည်တွေ ကျလာသည် ဒီအခန်းလေးကို
ိုကြည့်ရင်း နာကျင်မှု ပျော်ရွှင်မှု ဝမ်းနည်းမှု တွေ
ကို တပြိုင်ထဲ ခံစားနေရသည် သူတုန်နေတဲ့
ဲ့လက်တွေကို အသာထိန်းရင်း အသက်ကို ဝ
အောင်ရှုကာ အခန်းတံခါးကို ဖွင့်လိုက်သည် သူအခန်းထဲကို အသာတွန်းဝင်သွားတောူ့ရင်းနှီးနေတဲ့ အငွေ့အသက်လေးတွေ ပြန်ရ
လိုက်သလိုပင်*သူ မရှိတော့တာတောင် ငါ့ကိုနွေးထွေးမှု
ပေးနိုင်တုန်းပါလား*ကုတင်ဘေးနားမှာရှိတဲ့ စာအုပ်စင်ပေါ်က စာ
အုပ်လေးတွေကို တစ်အုပ်ခြင်း သူရဲ့လက်
်ချောင်း သွယ်သွယ်လေးတွေနဲ့ ထိကြည့်နေမိ
သည် တစ်နေရာအရောက် လှုပ်ရှားနေတဲ့ သူ့ရဲ့ လက်တို့ ရပ်တန့်သွားသည် ဒီစာအုပ်ကို
တခါမှမမြင်ဖူးပါဘူး သူသိချင်စိတ်နဲ့ စာအုပ်
ကိုဆွဲထုတ်ပြီး ပြတင်းပေါက်နား သွားလိုက်
်သည် စာအုပ်ကနှစ်အတော်ကြာနေပြီမို့ ဖုန်
အနည်းငယ်ရှိနေသည် သူဖုန်တွေကိုလက်နဲ့
ခါလိုက်တော့ စာအုပ်ဖုံးပေါ်က သူတို့နှစ်
ယောက် ရယ်နေတဲ့ပုံလေးက ထင်ရှားစွာပေါ်
လာသည် သူတို့ပုံနဲ့စာအုပ် cover လုပ်ခဲ့
တာလား? သူမသိခဲ့ဘူး ... စာအုပ်လေးကို လှန်လိုက်တော့ အတွင်းဖုံးထဲမှာabout my life ( Do Kyung Soo )
ဆိုတဲ့စာတန်းလေးနဲ့ သူတို့ရဲ့နောက်ထပ်
်ပုံတပုံ သူတို့တော်တော် ပျော်ခဲ့ကြတာပဲ နှစ်
ယောက်လုံးရဲ့ အပြုံးတွေက တောက်ပနေလိုက်
်ကြတာ ပထမစာမျက်နှာက ခေါင်းစဉ်လေးကို သူ တွေ့လိုက်ရသည်
YOU ARE READING
My Turn To Cry [Completed]
FanfictionRemember when things were hard I always turned your tears into smile