"အား ပင်ပန်းလိုက်တာ"
စာသင်ခန်းထဲမှာ ငိုက်နေတဲ့ Kai ကိုကြည့် ပြီး သူစိတ်မကောင်းဖြစ်မိသည် .. သူ Kai မသိအောင် အလုပ်နှစ်ခုလုပ်နေတာ .. ကိုယ့်ချစ်သူကိုယ့်ကြောင့် ပင်ပန်းနေတာ မြင်တော့လည်း ဝမ်းနည်းမိသည် ..
" Babe ဘာတွေတွေးနေလဲ"
Kai ဆီကစကားသံကြောင့်အတွေးစပြတ်သွားသည် ထုံးစံအတိုင်း လူတွေကနှာခေါင်းရှုံ့ကျ အပြစ်ပြောကျနဲ့ ပေါ့ kyungsoo ဒါတွေဂရုမစိုက်မိတာ ကြာပါပြီ ဘေးမှာ Kai တစ်ယောက်လုံးရှိ နေတာပဲ ဘာဂရုစိုက်စရာလိုသေးလဲ
kyungsoo ခေါင်းစောင်းကြည့်လိုက်တော့ Kai အပြုအမူကြောင့် ပြုံးမိသည်
ပုခုံးပေါ်ခေါင်းမှီထားပြီး လက်နှစ်ဖက်က kyungsoo လက်မောင်းကိုချိတ်ထားသေး တယ် ခုနကမြင်နေရတဲ့ Kai ရဲ့ခပ်နွမ်းနွမ်းအပြုံးက ချက်ချင်း အတောက်ပဆုံးအပြုံး အဖြစ်ပြောင်းသွား သည်သူတို့အပြုအမူကိုမြင်တော့ ကျောင်းသား တွေဆီက တိုးတိုး တိုးတိုးနဲ့အသံတွေ ထွက်လာသည် kyungsoo ကြားဖြစ်အောင် ကြားလိုက်သေးသည် Kai ကသူနဲ့တန်လို့ လားတဲ့ တချို့ကလဲ Kai ကိုအောက်လမ်း နဲ့ပြုစားထားလားမသိဘူးတဲ့ ဒါတောင် သူတို့တွဲနေတာမသိကြသေးလို့ .. အခုတောင်သူငယ်ချင်းလို့ပဲသိထားကြတာ
တင်းခံထားတဲ့ မျက်ရည်တွေကိုမကျ အောင် မျက်တောင်တွေကိုပုတ်ခတ်ရင်း သိမ်းလိုက်သည် သူ့ဘေးက Kai ကတော့ သွားစရာရှိလို့ဆိုပြီး ထွက်သွားသည် Kai သွားတာနဲ့ တီးတိုးပြောသံတွေက ပိုမိုပွင့် လင်းလာသည် Kyungsoo အနေနဲ့ကတော့ အပြင်ကိုငေးနေရုံကလွဲလို့ ဘာမှမတတ်နိုင် ...
"Hello Mice test 1 2 3 ! "
အသံလွှင့်ခန်းထဲက ရုတ်တရက်ထွက်လာ တဲ့အသံကြောင့် အကုန်လုံးငြိမ်ကျသွား သည်
" အဟမ်း ပြောစရာလေးရှိလို့ပါ ဒါက တစ်ယောက်သောသူကို ရည်ညွှန်းပါတယ်"
အကုန်လုံး စိတ်ဝင်တစားနားထောင်နေ ချိန် kyungsoo ကတော့ အသံလွှင့်ခန်းထဲက အသံကို သိနေသလိုလို ...
" ကျွန်တော့်ချစ်သူ စိတ်မကောင်းဖြစ်နေ လို့ အားပေးချင်တာပါ"
YOU ARE READING
My Turn To Cry [Completed]
FanfictionRemember when things were hard I always turned your tears into smile