" Babe ကိုယ်ဒီနေ့ကျောင်းမလာတော့ဘူး"
ph ထဲက kai စကားကြောင့် အလိုမကျဖြစ်မိ သည် ဒီအချိန်က စာမေးပွဲရာသီ.. lesson တစ်ခုမှ လွတ်လို့မဖြစ်တာသိရဲ့သားနဲ့ ..
"ဘာလို့လဲ စာမေးပွဲနီးနေပြီ"
" အရေးကြီးလုပ်စရာရှိလို့ပါကွာ တရက်တလေ ပျက်တာ ဘာမှမဖြစ်ပါဘူး "
"lesson တွေလွတ်လို့မရဘူးလေ ဖြစ်နိုင်ရင် မပျက်ပါနဲ့လား ဘာတွေဒီလောက်အရေးကြီး နေလို့လဲ"
" babe ကစာတော်တာပဲ ကိုယ့်ကိုရှင်းပြပေါ့"
"kai ~~"
" ကိုယ်သွားရတော့မယ် love you hyung !"
ဘာမှပြန်ပြောချိန်တောင်မရလိုက် တီခနဲလိုင်း ပြတ်သံကြားလိုက်ရသည် kyungsoo သက်ပြင်းချ မိရုံကလွဲလို့ ဘာမှမတတ်နိုင် ... kai မဟုတ်တာ မလုပ်တာတော့ သူယုံကြည်ပါတယ်
" soo ya သွားမယ်လေ"
ပုခုံးပေါ်ရောက်လာတဲ့ လက်တဖက်နဲ့အတူ သူ့ကိုခေါ်နေတဲ့ baekhyun နဲ့ luhan ကိုသူပြုံးပြ လိုက်ပြီး အတန်းဆီဦးတည်လိုက်ကြသည်
"soo ဘာဖြစ်နေတာလဲ သက်ပြင်းချနေတာ ကျောင်းတောင်ပြိုတော့မယ်"
baekhyun ရဲ့ခပ်နောက်နောက် စကားသံကို သူမရယ်နိုင်ပါ.. အတွေးထဲမှာ kai ကိုစိုးရိမ်စိတ် ကများနေသည်
"kai က ဒီနေ့ကျောင်းမတက်ဘူးတဲ့ စာတွေလည်းများနေတာကို "
" aww စိတ်မပူပါနဲ့ သူကိစ္စရှိလို့ဖြစ်မှာပေါ့"
luhan စကားကြောင့် သူပိုသက်ပြင်းချမိသည် အ့ဒီအရေးကြီးတယ်ဆိုတဲ့ကိစ္စကိုပဲ သူလည်းသိ ချင်နေတာ ဘာတွေဘယ်လောက်အရေးကြီး နေရတာလဲ ? သူ့ကိုအရိပ်အမြွတ်လေးတောင် မပြောသွားဘူး ... အိမ်ပြန်ရောက်မှမေးကြည့်ရ မယ်
အိမ် ? အခုနောက်ပိုင်း kai ကသူ့မိဘတွေနဲ့ရန် ဖြစ်ပြီး အိမ်ပေါ်ကဆင်းလာကာ သူ့ဆီမှာ လာနေနေခြင်းဖြစ်သည်
အ့တာလည်း ပြဿနာတစ်ခု ... သူ့မိဘတွေနဲ့ ရန်ဖြစ်တာ အကြောင်းအရင်းမေးတော့လည်း လုံးဝမပြော .. စိတ်ထဲမထားနဲ့ဆိုတာချည်းပဲ
တွေးလေ ထူးဆန်းလေဖြစ်လာသည် kai လျှို့ဝှက်ချက်များနေလိုက်တာ ... သူ့ကိုမပြောပြ တာတော်တော်များနေပြီ
YOU ARE READING
My Turn To Cry [Completed]
FanfictionRemember when things were hard I always turned your tears into smile