ပိတ်ထားတဲ့ အခန်းတံခါးကို ငေးကြည့်နေမိတာ အတော်ကြာနေပြီ သတိပြန်ဝင်လာတော့မှ ကုတင်ပေါ်က အသာထလိုက်သည် kai ပြန်ဝင်လာမယ့် အရိပ်အယောင် မမြင်တာမို့ note လေးတစ်စောင်ရေးပြီ အေးစက်စပြုနေ တဲ့ ဆန်ပြုတ်ပန်းကန်ဘေးနားမှာ တင်ထား လိုက်သည် အိပ်ယာကို သပ်သပ်ရပ်ရပ် ဖြစ် အောင်ပြန်လုပ်ပေးပြီ်း အခန်းတံခါးဆီ လျှောက်သွားလိုက်သည်
အိမ်အောက်ရောက်တော့လည်း kai ကိုမတွေ့ အ့တာပဲ ကောင်းပါတယ် နှစ်ယောက်လုံးအနေ ခက်နေမှာ
" kyung soo ဘယ်သွားမလို့လဲ "
အိမ်ရှေ့တံခါးဆီရောက်နေတဲ့ ကျွန်တော့်ကို kai လှမ်းမေးသံကြားရသည်
" ပြန်တော့မလို့ "
အိမ်ပြင်ထွက်ဖို့ ပြင်လိုက်တဲ့ သူ့ကို လက်က ပြန်ဆွဲလှည့်တာခံလိုက်ရသည်
" နေမကောင်းသေးဘူး မပြန်နဲ့ "
စိတ်ပူသလို လေသံတွေ ရောယှက်နေတဲ့ kai ရဲ့စကားအဆုံးမှာ ဆွဲခံထားရတဲ့ လက်ကို ဖြုတ်ချလိုက်သည်
" ရတယ် ငါအိမ်ပဲပြန်လိုက်ပါ့မယ် "
သူက လက်မလျှော့သေးပဲ နောက်တခေါက် ထပ်ဆွဲသွားသည်
" kyung soo ! "
" ငါတို့က သူစိမ်းတွေလေ စိတ်မပူပါနဲ့ "
သူမျက်နှာပျက်သွားပြီး ကျွန်တော့်လက်ကို ဆွဲထားတဲ့ သူ့လက်တွေပြေလျော့သွားသည် သူအ့နေရာမှာ ငိုင်နေတုန်း ကျွန်တော် ခပ်မြန် မြန်ထွက်လာခဲ့သည်
သူ့ကိုလည်း အပြစ်မတင်ပါဘူး နှစ်ယောက်လုံး ရဲ့အမှားမဟုတ်ဘူးလေ အခုလိုအခြေအနေမှာ နှစ်ယောက်လုံး မတွေ့တာ အကောင်းဆုံးပဲ လက်ခံပါတယ် kai လို လူတစ်ယောက်က ကျွန်တော့်လို မကောင်းဆိုးဝါးတစ်ကောင်ကို မချစ်နိုင်ဘူးလေ
တတ်နိုင်သမျှ မြန်မြန် အိမ်ပြန်လာခဲ့သည် ပိတ်ကာထားတဲ့ ခန်းဆီးစတွေကြောင့် အလင်း ရောင် ဖျော့ဖျော့သာကျနေတဲ့ အခန်းတွင်းက နံရံမှာမှီပြီး ထိုင်နေလိုက်သည် ဒီအဖြစ်တွေ မြန် မြန်ပြီးပါစေတော့ ကျွန်တော့် မိဘတွေ ပစ်သွား ရုံနဲ့လုံလောက်ပါပြီလေ ဘယ်သူ့ဆီကမှ ထပ်စွန့်ပစ်မခံပါရစေနဲ့တော့ ...
YOU ARE READING
My Turn To Cry [Completed]
FanfictionRemember when things were hard I always turned your tears into smile