ဘေးနားက အေးစက်နေတဲ့ နေရာလွတ်ကို လက်နဲ့စမ်းမိတော့ အလိုလိုညည်းညူမိသည်
နှာခေါင်းကို တရှုံရှုံလုပ်ရင်း အာရုံခံအင်္ဂါတွေကို နှိုးဆွမိသည် ခေါင်းအုံးထဲ မျက်နှာနှစ်ရင်း တစ်ချက်မှာ ခပ်ပြင်းပြင်းရှုသွင်း လိုက်တော့ ချောင်းဆိုးသွားသည်ဘာနံ့လဲ ?
ကျောက်ခဲတစ်ခုလို လေးလံနေတဲ့ခေါင်းကို ထောင်မတ်လိုက်ပြီ အိပ်မှုန်စုံမွှားနဲ့ အိပ်ခန်းထဲ ကထွက်လာလိုက်သည် သမ်းဝေနေတဲ့ပါးစပ်ကို ပိတ်ရင်း မျက်လုံးကို ပွတ်ကာ ထမင်းစားခန်းထဲ ရောက်လာသည်
"kai??"
" Morning hyung "
သူအခုထိသတိမထားမိသေး ရေတခွက်ထည့် ကာသောက်နေရင်း kai ကိုသေချာကြည့်မိသည် အ့တော့မှ သောက်လက်စရေတွေကို ထွေးထုတ်မိပြီး ချောင်းဆိုးသွားသည် သူ့အဖြစ် ကို kai ကတော့ မျက်မှောင်ကျုတ်ပြီး ကြည့်နေ သည်
"ဘ-ဘာလုပ်နေတာလဲ"
ရယ်ချင်တာကို မနည်းထိန်းပြီးမေးမိသည် သူ့တစ်သက်မှာ ဒီလောက်လှတဲ့ မနက်ခင်းလေး ရှိတော့မယ်မထင်....မနက်အိပ်ရာထထချင်း kai က apron ဝတ်ပြီးထမင်းစားခန်းထဲမှာ ကြိုးစား ပမ်းစားချက်နေတဲ့ ပုံလေးက သူ့မျက်လုံးထဲမှာ ချစ်ဖို့ကောင်းလွန်းနေသည်
"breakfast လုပ်နေတာလေ အ့လိုကြီးရပ်မနေနဲ့ လာကူလုပ်ဦး"
အလိုမကျသလို တွန့်ချိုးနေတဲ့မျက်ခုံးရယ် ဆူသလိုမဆူသလို လုပ်ထားတဲ့နှုတ်ခမ်းရယ်
သေချာပါပြီ Kai စိတ်ဆိုးသွားတာ ...... သူ့ကို ရယ်လိုက်လို့ စိတ်ဆိုးနေတဲ့ kai ဘေးနား ကိုသွားလိုက်သည် အခုတော့မချော့သေးဘူး စဦးမှပါ" ဟမ် hyung အတွက် ပြင်ပေးနေတာမလား?"
"ဟုတ်တယ်လေ"
"အ့တာဘာလို့ ကူရမှာလဲ ဒီတိုင်းထိုင်စားရမယ် ထင်နေတာ"
"အာ hyung !!! နည်းနည်းတော့ အလိုက်တသိ လေးကူဦးမှပေါ့"
"okok wait a minute"
ဒီထက်ပိုစိတ်ကောက်နေတဲ့ ကောင်လေးကို မမြင်ချင်တော့တာမို့ မျက်နှာမြန်မြန်သစ်ပြီး ပြန်ဝင်လာခဲ့သည် ...umm ...မရှိစုရှိစုတစ်ခုထဲ သောအိမ်လေး မီးလောင်ပြာကျသွားမှာ မမြင် ချင်တာလဲပါတာပေါ့လေ
YOU ARE READING
My Turn To Cry [Completed]
FanfictionRemember when things were hard I always turned your tears into smile