"ဘာလုပ်ပြန်ပြီလဲ !"
စိတ်ရှုပ်မှုတွေ စိတ်မရှည်မှုတွေရောနေတဲ့ kyungsoo အော်သံကြားတော့သူ့အကြည့်တွေကို မြေကြီးကိုသာ ပေါက်ထွက်မတတ် စိုက်ကြည့်နေလိုက်သည် ကျောင်းဆင်းထဲက kyungsoo အိမ်ရှေ့ထိတောက်လျှောက်လိုက် လာတာ ...အစကတော့ kyungsoo သူ့ကို သတိမထားမိသေး အိမ်နားရောက်မှ တွေ့သွား ခြင်းဖြစ်သည်
"Soo ပြောတာ နားထောင်ပါဦး"
"ဘာမှနားထောင်စရာမလိုဘူး ငါပြောနေတာ မကြားလို့လား !ပြဿနာမရှာချင်ပါနဲ့"
ဒေါသကြောင့်လား မငိုအောင်ထိန်းထားလို့လား မသိ နီရဲနေတဲ့ kyungsoo ရဲ့ မျက်ဝန်းတွေထဲက ခန့်မှန်းမရတဲ့ အဖြေကိုရှာမိသည် ဘာမှမတွေ့ .. kyungsoo စကားပြောလိုက်တိုင်း လှုပ်ရှားနေ တဲ့ နှုတ်ခမ်းထောင့်စွန်းက ဒဏ်ရာတွေကို မြင်မိတော့ သူနဲ့ ခြေငါးလှမ်းအကွာမှာ ရှိနေတဲ့ kyungsoo ကို ရင်ခွင်ထဲထည့်ထားပြီး နှစ်သိမ့် ပေးချင်စိတ်ကို မနည်းထိန်းထားရသည်
အကြည့်တွေကို မြေပြင်ပေါ်ထပ်လွှဲမိပြန်သည် သူတို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်မှု မဟုတ်တဲ့ တိတ်ဆိတ်မှုက နေရာယူနေပြန်
သည်"ငါ့ကိုဒီတိုင်းလွှတ်ပေးထားလို့မရဘူးလား"
တဖြည်းဖြည်း တိမ်ဝင်သွားတဲ့စကားသံ အဆုံးမှာ မော့ကြည့်လိုက်တော့ kyungsoo ရဲ့ အကြည့်တွေကို နောက်တခါပြန်ဆုံလိုက်ရ သည်
"မင်းကို လွှတ်ပေးရမယ် !"
သူခေါင်းကို တွင်တွင်ခါရင်း ဆက်ငြင်းမိသည် kyungsoo သဘောမပေါက်သေးဘူးပဲ
"မလွှတ်ပေးနိုင်ဘူး ဘာလို့လွှတ်ပေးရမှာလဲ မင်းငါ့ခံစားချက်တွေကိုမသိသေးဘူး မင်းတစ် ကိုယ်ကောင်းဆန်လွန်းတယ် မထင်ဘူးလား ? ဘာမှမိသေးပဲ စိတ်ထင်ရာတွေလျှောက်တွေး မနေနဲ့ ငါပြောပြမယ်ဆိုတော့လည်း လက်မခံ ဘူး အနည်းဆုံးတော့ ငါဘာပြောမလဲ နားထောင်သင့်တယ် "
"ငါသိတယ် မင်းအထင်မှားနေတာ မင်းငါ့ကို သနားတာကို ........"
" kyungsoo !!!"
သူအော်လိုက်တော့ လန့်သွားတယ်ထင်တယ် မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်နေသည်
![](https://img.wattpad.com/cover/66907756-288-k213006.jpg)
YOU ARE READING
My Turn To Cry [Completed]
FanfictionRemember when things were hard I always turned your tears into smile