အခုချိန်သူသိတာက သူ့ရဲ့ပုံမှန်မဟုတ်တဲ့ ခပ်ပြင်းပြင်းအသက်ရှုသံ ... တချက်တချက်ကြားနေရတဲ့ တစီစီအသံတွေ ... သတိပြန်ဝင်လာပေ မယ့် မဖွင့်ချင်တဲ့မျက်လုံးတစ်စုံကို ခပ်တင်းတင်းပိတ်ထားမိသည်
ကျေးဇူးပြုပြီး သူမနိုးထပါရစေနဲ့ .. မျက်လုံးမဖွင့်ချင်ဘူး ဖွင့်လိုက်ရင် ရင်ဆိုင် ရမယ့်အမှန်တရားတွေကို ကြောက်နေမိ သည် .. တခါတလေ အမှန်တရားဆိုတာ ရင်ဆိုင်ဖို့ခါးသီးလွန်းပါလား
နားထဲကကြားလိုက်ရတဲ့ ဝိုးတဝါးစကား ပြောသံတွေနဲ့အတူ ခြေသံတွေက သူရှိရာဆီဦးတည်လာနေသည် အခုချိန် ထွက်ပြေးချင်ပေမယ့် ဘာမှမခံစားရတဲ့ ခြေထောက်တွေနဲ့ ပင်ပန်းလွန်းနေတဲ့ ခန္တာကိုယ်က သူ့ကိုပြန်ဆွဲထားနေသည်
"ဆရာ အခြေအနေဘယ်လိုရှိလဲ"
sehun ? ပထမဆုံးကြားချင်တဲ့အသံက sehun အသံမဟုတ်ပေမယ့် မျှော်လင့်ချက်ရေးတေးတေးလေးနဲ့ ဆက်စောင့်နေမိသည်
"လူနာက သတိပြန်ဝင်လာတဲ့အခြေအနေ ပါ တတ်နိုင်သလောက်ကုပေးခဲ့ပေမယ့် သူ့အောက်ပိုင်းကတော့လုံးဝသုံးမရတော့ ဘူး "
"အောက်ပိုင်းသေသွားတာလား ဒါနဲ့ ဆရာ ဘာလို့မျက်လုံးမပွင့်လာတာလဲ"
baekhyun ...
"ပုံမှန်ဆို ဒီအခြေအနေက မျက်လုံးပွင့်ရ မယ့်အချိန်ပဲ ဒါပေမယ့်တခါတလေ လူနာရဲ့ပြင်းထန်တဲ့ဆန္ဒက သူ့ကိုယ်သူ ပြန်ဆွဲထားတတ်တယ်"
သူအကုန်ကြားနေရသည် သူကြားချင်တဲ့ အသံမကြားရမချင်း မျက်လုံးမဖွင့်ဘူး
" jongin ဆရာပြောတာကြားရလား"
သူခေါင်းညိမ့်ပြတော့ ခဏတာငြိမ်သက် သွားတာသိလိုက်သည်
"မျက်လုံးဖြည်းဖြည်းချင်းဖွင့်ကြည့်ပါ"
doctor စကားကိုဖြည်းဖြည်းချင်း ခေါင်းခါ ပြလိုက်သည် ashiစကားပြောချင်ပါတယ် ဆိုမှ အသံကထွက်မလာဘူး .. နာကျင်နေ တဲ့လည်ချောင်းကို အားယူပြီးပြောလိုက် သည်
"hyung ~"
သူပြောချင်တာက စကားတွေအများကြီး.. တကယ်တမ်းထွက်လာတော့ hyung ဆိုတဲ့တစ်လုံးထဲသာ.. ဒါတောင် တကယ့်ကိုတိုးတိုးလေး ထွက်လာတာ
YOU ARE READING
My Turn To Cry [Completed]
FanfictionRemember when things were hard I always turned your tears into smile