နိဒါန်း - ၁

9.2K 532 4
                                        

မီးအိမ်အပြာရောင် ဖျော့ဖျော့ရဲ့ အလင်းရောင်လေးက အိပ်ခန်းထဲကို ဖြာကျနေလေရဲ့ ။ပြတင်းပေါက်တွေကို ဖုံးထားတဲ့ လိုက်ကာလေးတွေကို နေမင်းရဲ့ မနက်ခင်း နေခြည်ရောင်တွေက ကြိုးစားရင်း ထိုးဖောက်နေဟန်။

မိုးရာသီဖြစ်တာကြောင့် တိမ်ညိုတိမ်မည်းတွေကလည်း တစ်ခါတစ်ခါ နေမင်းကြီးကို လွှမ်းခြုံ သွားပေသည်။

လေပြေတွေ တစ်ချက်တစ်ချက်တိုက်လိုက်လာပြီးနောက် တိမ်မည်းတွေရဲ့ ကလေးငယ် မိုးစက်ကလေးတစ်ဖွဲဖွဲ ကျလာပုံက နေမင်းကြီးကို အနိုင်ရသွား၍ အောင်ပွဲခံနေသယောင်။

ခဏအကြာမှာတော့ မိုးလေတွေတဖြည်းဖြည်းပြင်းလာပြီး အရှိန်အဟုန်နဲ့ အညှိုး ကြီးစွာ ..ဒေါသမာန်ဟုန်ပြင်းစွာ ရွာချလာလေတော့သည်။

တေးဆိုနေကြတဲ့ငှက်ကလေးတွေလည်း သည်းထန်စွာရွာနေတဲ့မိုးကြောင့် ကြောက်ရွံ့စွာ အသိုက်ကို ပျံသွားကြလေရဲ့ ..

မိုးစက်မိုးပေါက်လေးတွေရဲ့ ပြတင်းပေါက်ကို ထိခတ်လာသံက ကျယ်လောင်စွာ ။

မိုးသံကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ သူနိုးလာခဲ့တယ် ..

*ဟူးးး မိုးတောင်ရွာလာပြီပဲ *

မိုးရေလေးတွေကို ဆော့ကစားချင်တာကြောင့် ပြတင်းပေါက်ကို ဖွင့်လိုက်ရင်း သူ့လက်ကို အပြင်ထုတ်လိုက်သည်။

သူ့လက်ဖမိုးပေါ် ကျလာတဲ့ မိုးရေစက်များကြောင့် အေးစိမ့်စိမ့်ဖြစ်လာသလို ..

ဒီထက်ပိုပြီး မိုးစိုချင်လာတာကြောင့် သူ့ခန္ဓာကိုယ်ကို ပြတင်းပေါက်နားတိုးကပ်ရင်း မျက်နှာကို အရှေ့ကို ထုတ်လိုက်တယ် ..

သိပ်မကြာလိုက်ပါ သူ့မျက်နှာတစ်ခုလုံးလဲ မိုးရေတွေ စိုစွတ်လာတော့သည်။

အဲဒီအချိန်မှာပဲ ကျွန်တော့်ရဲ့ခါးပေါ် ရောက်လာတဲ့ နူးညံ့တဲ့လက်နှစ်ဖက်ရဲ့ သိုင်းဖက်မှု ..

မိုးရေတွေကြောင့် အေးစက်နေပေမယ့် သူ့ရဲ့ ရင်ခွင်ထဲမှာဆိုတဲ့အသိစိတ်လေးက အမြဲနွေးထွေးမှု ပေးတယ်မဟုတ်လား ..

The Preface Of The End (နိဂုံးတစ်ခု၏နိဒါန်း)// Completed //Место, где живут истории. Откройте их для себя